Champions League

ဗိုလ်စွဲနိုင်တယ်ဆိုတဲ့ လူးဝစ်

Dec 14 , 2015

PSG နောက်ခံလူ လူးဝစ်က ၎င်းတို့အသင်းအနေနှင့် ချန်ပီယံလိဂ်တွင် ဗိုလ်စွဲနိုင်ကြောင်းပြောဆိုလိုက်သည်။

ပြင်သစ်လိဂ်ဝမ်းအမှတ်ဇယားကို ဦးဆောင်နေသောPSG မှာ ချန်ပီယံလိဂ်တွင် ရီးရဲလ်၏အနောက်မှ အုပ်စု ဒုတိယရကာ ရှုံးထွက်အဆင့်သို့ တက်လာခြင်းဖြစ်ပြီး အုပ်စုပွဲစဉ် ၆ပွဲတွင် အရှုံး ၁ပွဲသာရှိခဲ့သည့် PSG မှာ လာမည့်ရှုံးထွက် အဆင့်တွင် အုပ်စုဗိုလ်စွဲသည့်ထိပ်သီးအသင်းကြီး တစ်သင်းသင်းနှင့် တွေ့နိုင်သည့်အနေအထားဖြစ်သည်။

သို့သော်လူးဝစ်က နည်းပြဘလန့်စ်၏ PSG အသင်းမှာ အကောင်းဆုံးပြင်ဆင်ထားပြီး တွေ့သမျှစိန်ခေါ်မှုများကို ရင်ဆိုင်ကျော်လွှားနိုင်ရန် ကြိုးစား သွားမည်ဖြစ်ကြောင်း၊လောလောဆယ်အနေအထားတွင် ရီးရဲလ်အသင်းမှာ အကောင်းဆုံးအနေအထားဖြင့်ဗိုလ်စွဲသွားနိုင်သည့် အသင်းဖြစ်သော် လည်း ဘာမဆိုဖြစ်လာနိုင်သည့် ချန်ပီယံလိဂ်အတွက် မိမိသည်မိမိအသင်း၊ အသင်းဖော်နှင့်နည်းပြ အပေါ်ယုံကြည်မှုအပြည့်အ၀ထား ရှိကြောင်း ပြောဆိုသွားခဲ့သည်။

U Myo Thant

<< Back Champions League


Advertisement
Here