Europe News

ဥရောပပွဲစဉ်မဲခွဲ

Dec 15 , 2015

ဥရောပချန်ပီယံလိဂ်နှင့်ယူရိုပါလိဂ်ပြိုင်ပွဲများ၏ မဲခွဲခြင်းကိုယမန်နေ့ကကျင်းပခဲ့သည်။

ချန်ပီယံလိဂ်ရှုံးထွက်အဆင့်အတွက်မဲခွဲခဲ့ရာတွင် PSG နှင့်ချဲလ်ဆီး၊ ဇင်းနစ်နှင့် ဘင်မီကာ၊ ၀ုလ်စ်ဘတ်နှင့်ဂျန့်၊ ရီးရဲလ်နှင့်ရိုးမား၊ အာဆင်နယ်နှင့် ဘာစီလိုနာ၊ ဂျူဗင်တပ်နှင့်ဘိုင်ယန်၊ PSVနှင့်အက်သလက်တီကို၊ ဒိုင်နမိုကိယက်နှင့်မန်စီးတီးတို့ ကစားကြရမည်ဖြစ်သည်။

အာဆင်နယ်အသင်းမှာ ယခင်က ဘာစီလိုနာနှင့် ၃ကြိမ်တွေ့ခဲ့ရာတွင် နိုင်ပွဲမရှိခဲ့ပဲ ချဲလ်ဆီးမှာ PSG နှင့်၂ကြိမ်တွေ့ခဲ့ရာတွင် ၁ပွဲနိုင်၊၁ပွဲရှုံးခဲ့ သည်။

ရှုံးထွက်အဆင့်ပွဲစဉ်များကို ဖေဖော်ဝါရီ ၁၆ မှ မတ်လ ၁၅ရက်ကြားတွင်ကစားကြရမည်ဖြစ်ပြီး ကွာတားဖိုင်နယ်ကို ဧပြီ ၅/၆ နှင့် ၁၂/၁၃၊ ဆီမီးဖိုင်နယ်ကို ဧပြီ ၂၆/၂၇နှင့် မေ ၃/၄ ရက်နေ့များတွင် ကစားကာ နောက်ဆုံးဗိုလ်လုပွဲမှာ မေလ ၂၈ရက် (မီလန်)ဖြစ်သည်။

ယူရိုပါလိဂ်ပွဲ စဉ်များတွင် ဗလင်စီယာနှင့် ရက်ပစ်ဗီယာနာ၊ ဖီအိုရင်တီးနားနှင့်စပါး၊ဒေါ့မွန်နှင့်ပေါ်တို၊ ဖီနာဘီချီနှင့်လိုကိုမိုတစ်မော်စကို၊ အန်းဒါးလက်ခ်ျနှင့် အိုလံပီယာကော့စ်၊ မစ်ဂျေးလန်းနှင့်မန်ယူ၊အော့စ်ဘတ်နှင့် လီဗာပူး၊စပါတာပရပ်နှင့်ကရက်စ်နိုဒါ၊ဂါတာလာစာရေးနှင့် လာဇီယို၊ ဆီယွန်နှင့် ဘရာဂါ၊ရှက်တာဒိုးနက်နှင့်ရှော့ကေး၊မာဆေးလ်နှင့်ဘီလ်ဘာအို၊ဆီဗီးလားနှင့်မိုလ်ဒီ၊စပို့တင်း လစ္စဘွန်းနှင့်လေဗာကူဆင်၊ ဗီလာရီးရဲလ်နှင့် နာပိုလီ၊စိန့်အက်တိုင်းနီးနှင့်ဘေဆယ်တို့ ကစားရမည်ဖြစ်ပြီး ပထမအကျော့ကို ဖေဖော်ဝါရီလ ၁၈နှင့် ဒုတိယအကျော့ ကို ဖေဖော်ဝါရီ ၂၅ ရက် တို့တွင် ကစားကြမည်ဖြစ်သည်။

U Myo Thant




<< Back Europe News


Advertisement
Here