Champions League

ကွင်းပိတ်ကစားရမည့် ဒိုင်နမိုကိယက်

Dec 15 , 2015

ချန်ပီယံလိဂ်အုပ်စုပွဲအဖြစ် ချဲလ်ဆီးနှင့်ကစားခဲ့စဉ်က လူမျိုးရေးခွဲခြားသောတိုက်ခိုက်မှုများဖြစ်ပွားခဲ့သော ဒိုင်နမိုကိယက်အသင်းမှာ လာမည့်ရှုံး ထွက်ပွဲစဉ်အဖြစ် မန်စီးတီးနှင့်ကစားရမည့် အိမ်ကွင်းပွဲတွင် ပရိသတ်မပါပဲကွင်းပိတ် ကစားရမည်ဟုသိရသည်။

ဒိုင်နမိုကိယက်မှာ ရှုံးထွက်ပထမအကျော့ပွဲစဉ်အဖြစ် အိမ်ကွင်းတွင် မန်စီးတီးကို လာမည့် ဖေဖော်ဝါရီ ၂၄ ရက်နေ့တွင် လက်ခံကစားရမည်ဖြစ် သည်။

၂၀၁၄ တွင်လည်း မန်စီးတီးမှာ CSKAနှင့်ကစားရသည့်အဝေးကွင်းပွဲတွင် ပရိသတ်မပါပဲ ကစားခဲ့ရသေးသည်။

ဥရောပ၏အချို့ပွဲစဉ်များတွင် နှစ်ဘက်ပရိသတ်များ ခိုက်ရန်ဖြစ်ပွားမှု၊ လူမျိုးရေးခွဲခြားသည့် အပြုအမှုအပြောအဆိုရှိမှုများကြောင့် ဥရောပဘောလုံး အဖွဲ့ချုပ်က ထိုကိစ္စများမဖြစ်ပွားရေးအတွက် ထိရောက်သောပြစ်ဒဏ်များ ချမှတ်ရလေ့ရှိခဲ့ဘူးသည်။

U Myo Thant




<< Back Champions League


Advertisement
Here