Champions League

လက်မှတ်ဈေးလျှော့မည့် မန်ယူ

Dec 15 , 2015

ဒိန်းမတ်ကလပ်အသင်းဖြစ်သော မစ်ဂျေးလန်းနှင့်ကစားရမည့် ယူရိုပါလိဂ်အိမ်ကွင်းပွဲစဉ်တွင် မန်ယူအသင်းအနေနှင့်လက်မှတ်ခများ လျှော့ချပေးမည်ဟု သိရသည်။

ချန်ပီယံလိဂ်မှယူရိုပါလိဂ်သို့ရောက်လာသော မန်ယူအသင်းမှာ ၃၂ သင်းအဆင့်ပြိုင်ပွဲတွင် အသင်းငယ်တစ်သင်းဖြစ်သော မစ်ဂျေးလန်းနှင့်တွေ့ ဆုံရမည်ဖြစ်ပြီး အိမ်ကွင်းပွဲမှာ ဒုတိယအကျော့တွင်ဖြစ်သည်။

အသင်းငယ်များနှင့်ကစားရသော ကက်ပီတယ်ဝမ်းဖလားပွဲစဉ်မျိုးတွင်လည်း မန်ယူမှာလက်မှတ်ခလျှော့ချပေးသကဲ့သို့ ယခုပွဲတွင်လည်း လက်မှတ်ခကို ၂၅%လျှော့ချပေးမည်ဟုဆိုသည်။

မစ်ဂျေးလန်းအသင်းမှာ ၁၉၉၉ ခုနှစ်တွင်မှ စတင်တည်ထောင်ခဲ့သောအသင်းဖြစ်ပြီး ယင်းနှစ်တွင် မန်ယူမှာ ပရီးမီးယား၊ FA ဖလားနှင့်ချန်ပီယံ လိဂ်ဖလားများ ရရှိခဲ့သောနှစ်ဖြစ်သည်။

ဒိန်းမတ်ချန်ပီယံမစ်ဂျေးလန်း၏အိမ်ကွင်းမှာ ပရိသတ် ၁၂၀၀၀ သာဝင်ဆံ့ပြီး ယခုနှစ် ချန်ပီယံလိဂ် တတိယဆင့်ခြေစစ်ပွဲတွင် APOEL ကိုရှုံးနိမ့် ခဲ့သည်။

သို့သော်ယူရိုပါလိဂ်တွင်မူ ဆောက်သင်တန်ကို Play - off ပွဲစဉ်တွင်အနိုင်ရခဲ့သော အသင်းဖြစ်သည်။

မစ်ဂျေးလန်းအသင်းပိုင်ရှင် ဘင်ဟမ်းမှာ အင်္ဂလန်ချန်ပီယံရှစ်ကလပ် ဘရန့်ဖို့ဒ်ကိုလည်း ပိုင်ဆိုင်သူဖြစ်သည်။

U Myo Thant

<< Back Champions League


Advertisement
Here