World CUp 2014 News

စကိုလာရီ ထွက်ပြီ

Jul 14 , 2014

အိမ်ရှင်ဘရာဇီးအသင်း၏ နည်းပြဖြစ်သူစကိုလာရီမှာ ကမ္ဘာ့ဖလားပြိုင်ပွဲအပြီးတွင် ရာထူးမှနှုတ်ထွက်သွားခဲ့ပြီ ဖြစ်သည်။

အသက် ၆၅ နှစ်ရှိပြီဖြစ်သော စကိုလာရီမှာ လွန်ခဲ့သော ၁၂ နှစ်က ဘရာဇီးကို ကမ္ဘာ့ဖလား ရစေခဲ့သော်လည်း အိမ်ရှင်လုပ်ခွင့်ရ သည့် ယခုနှစ်တွင်မူ ဆီမီးဖိုင်နယ်အထိသာရောက်ရှိပြီး စတုတ္ထနှင့်သာ ကျေနပ်ခဲ့ရသည်။

ဂျာမနီနှင့် တွေ့ခဲ့ရသည့် ဆီမီးဖိုင်နယ်တွင် ဘရာဇီးမှာ အသင်းသက်တမ်းတစ်လျှောက် အဆိုးရွားဆုံးရှုံးပွဲအဖြစ် ၇း၁ နှင့် ရှုံးခဲ့ရပြီး ၃၉ နှစ်အတွင်း ပထမဆုံး အိမ်ကွင်းရှုံးပွဲလည်း ဖြစ်ခဲ့ရသည်။

တတိယနေရာလုပွဲတွင် ဟော်လန်ကို ၃းဝ နှင့် ရှုံးခဲ့သဖြင့် ၁၉၄၀ နောက်ပိုင်း ပထမဆုံး အိမ်ကွင်း ၂ပွဲဆက်ရှုံးသည့် စံချိန်ပါ တင်သွားခဲ့သည်။

၂၀၀၁ တွင် ဘရာဇီးကို စတင်တာဝန်ယူခဲ့သည့် စကိုလာရီသည် ၂၀၀၂ ဖိုင်နယ်တွင် ဂျာမနီကို ၂းဝ ဖြင့် နိုင်ကာ ဗိုလ်စွဲခဲ့ပြီးနောက် သူသည် ပေါ်တူဂီအသင်း၊ ချဲလ်ဆီး၊ ဘန်ယော့ကော့၊ ပါးလ်မီးရပ်စ်စသည့် အသင်းများကို ကိုင်တွယ်ခဲ့သေးသူ ဖြစ်သည်။

U Myo Thant




<< Back World CUp 2014 News


Advertisement
Here