World CUp 2014 News

အနာဂတ်ကိုဆုံးဖြတ်မယ့် ကလိုဆေး

Jul 14 , 2014

ကမ္ဘာ့ဖလားပွဲတွင် အောင်ပွဲဆင်နိုင်ခဲ့ပြီးနောက် တိုက်စစ်မှူးကလိုဆေးက သူ၏ လက်ရွေးစင်ဘ၀အတွက် ယခုအပတ်အတွင်း ဆုံးဖြတ်ချက်ချမည်ဟု ပြောဆိုလိုက်သည်။

ဂျာမနီအသင်းမှာ နောက်ဆုံး ဗိုလ်လုပွဲတွင် အာဂျင်တီးနားနှင့် ယှဉ်ပြိုင်ကစားခဲ့ရာ၌ အချိန်ပိုကစားခဲ့ရပြီး ဂေါ့ဇီ၏ သွင်းဂိုးဖြင့် အနိုင်ရခဲ့ခြင်း ဖြစ်သည်။

အသက် ၃၆ နှစ်ရှိပြီးဖြစ်ပြီး လာဇီယိုတွင် ကစားနေသော ကလိုဆေးမှာ ယခုနှစ် ကမ္ဘာ့ဖလားပွဲတွင် ၂ ဂိုးသွင်းယူနိုင်ခဲ့သဖြင့် ကမ္ဘာ့ဖလားပြိုင်ပွဲများတွင် ၁၆ ဂိုးသွင်းယူနိုင်ခဲ့ပြီဖြစ်ပြီး ဂိုးအများဆုံး သွင်းနိုင်သူအဖြစ် စံချိန်သစ်တင် သွား ခဲ့သည်။

ဂျာမနီအတွက် ၁၃၇ ပွဲကစား ၇၁ ဂိုးရထားခဲ့သူကလိုဆေးက ဒီဆုဖလားရတဲ့အတွက် အတိုင်းအဆမရှိ ကျေနပ်ရပါတယ်။ ကျနော်ရဲ့ ဂျာမနီအတွက် ဆက်ကစားဖြစ်ဦးမလားဆိုတာကတော့ အချိန်ယူစဉ်းစားရမှာပါ ဟု ပြောဆိုသွားခဲ့သည်။

ကလိုဆေးမှာ ပွဲချိန် ၈၈ မိနစ်တွင် ဂေါ့ဇီနှင့် လူစားလဲခံခဲ့ရပြီးနောက် ဂေါ့ဇီက ၁၁၃ မိနစ်တွင် အနိုင်ဂိုးသွင်းယူနိုင်ခဲ့သည်။

U Myo Thant

<< Back World CUp 2014 News


Advertisement
Here