Bundesliga News

ဂွာဒီယိုလာ ဘိုင်ယန်မှထွက်မည်

Dec 17 , 2015

နည်းပြဂွာဒီယိုလာမှာ ရာသီကုန်တွင်ဘိုင်ယန်မှထွက်၍ မန်စီးတီးသို့ရောက်လာမည်ဟု သတင်းများထွက်ပေါ်လျက်ရှိသည်။

၂၀၁၃ တွင်ဘိုင်ယန်သိုပရောက်လာသော ဂွာဒီယိုလာမှာအသင်းကို ၂နှစ်ဆက်တိုက် ဘွန်ဒစ်လီဂါချန်ပီယံဖြစ်စေခဲ့ပြီး ယခုရာသီတွင်လည်း အခြေအနေကောင်းလျက်ရှိနေသည်။

ဂွာဒီယိုလာမှာ တစ်ပတ်လုပ်ခပေါင် ၂၈၀၀၀၀ တန်စာချုပ်သစ်ကမ်းလှမ်းမှုကို ပယ်ချထားသည်ဟုဆိုပြီး မန်စီးတီးနှင့် ၁နှစ်လုပ်ခ လစာပေါင် ၁၅သန်းဖြင့်သဘောတူကြမည်ဟုလည်း သိရသည်။

လောလောဆယ်တွင် ပရီးမီးယားလိဂ်၌ လစာအများဆုံးရနေသူမှာ ၁နှစ်ပေါင် ၁၃သန်းရ ချဲလ်ဆီးနည်းပြမော်ရင်ဟိုဖြစ်သည်။

ဘိုင်ယန်အနေနှင့်ဂွာဒီယိုလာ ထွက်သွားပါက ရီးရဲလ်နည်းပြဟောင်း အန်ဆလော့တီကို ခေါ်ယူရန်ကြိုးစားမည်ဖြစ်ပြီး ဂွာဒီယိုလာကိုခေါ် ယူရန် ချဲလ်ဆီးကလည်းစိတ်ဝင်စားနေကြောင်း သိရသည်။

ဂွာဒီယိုလာမှာ ၁၉၉၀မှ ၂၀၀၁ အထိ ဘာစီလိုနာတွင်ကစားခဲ့ကာ ဘရက်စီယာ၊ရိုးမား၊အယ်အာလီ စသည့်အသင်းများတွင်လည်းကစားခဲ့ပြီး နည်းပြအဖြစ် ဘာစီလိုနာကို ၂၀၀၈ မှ ၂၀၁၂ အထိကိုင်တွယ်ခဲ့ဘူးသူဖြစ်သည်။

U Myo Thant




<< Back Bundesliga News


Advertisement
Here