World CUp 2014 News

မက်ဆီဆု ဘလတ္တာအံ့သြ

Jul 15 , 2014

၂၀၁၄ ကမ္ဘာ့ဖလားပြိုင်ပွဲ၏ အကောင်းဆုံး ကစားသမားဆုကို မက်ဆီရရှိသွားခြင်းအပေါ် မိမိများစွာအံ့အားသင့်မိကြောင်း ဖီဖာဥက္ကဌ ဘလတ္တာက ပြောဆိုလိုက်သည်။

ဘာစီလိုနာနှင့် အာဂျင်တီးနား လက်ရွေးစင် ၂၇ နှစ်သား မက်ဆီမှာ ကမ္ဘာ့ဖလားပွဲတွင် ၄ ဂိုးသွင်းယူနိုင်ခဲ့ပြီး ပွဲစဉ်တလျှောက် အကောင်းဆုံး ကစားသမားဆုကို ရရှိခဲ့သည်။

ဘလတ္တာက မက်ဆီကို အကောင်းဆုံးဆုပေးလိုက်တယ်လို့ ကြားရတဲ့အချိန်မှာ ကျနော်တကယ်အံ့သြသွားခဲ့ပါတယ်ဟု ပြောဆိုခဲ့ပြီး အာဂျင်တီးနား ဂန္တ၀င် ကစားသမားကြီး မာရာဒိုနာကလည်း ဤဆုမှာ မျှတမှု မရှိဟု ဝေဖန်ခဲ့သည်။

အာဂျင်တီးနား ဗိုလ်စွဲခဲ့သော ၁၉၈၆ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် အကောင်းဆုံး ကစားသမားဆုရခဲ့သူ ၅၃ နှစ်သား မာရာဒိုနာက ဈေးကွက်ရှာတဲ့ လူတွေက လူမှားပြီးရွေးခဲ့တာပဲ။

တကယ်ရသင့်တာက ကိုလံဘီယာက ရိုဒရီဂုဇ်လိုလူမျိုးပါဟု ပြောဆိုခဲ့သည်။ မက်ဆီရရှိခဲ့သော အကောင်းဆုံးဘောလုံးသမားဆုကို ဖီဖာ၏ နည်းစနစ်လေ့လာရေးအဖွဲ့က အကဲဖြတ်၍ ပေးအပ်ခြင်းဖြစ်ပြီး မက်ဆီကိုယ်တိုင်ကလည်း ထိုဆုကို မလိုချင်ဟု ပြောသွားခဲ့သည်။

U Myo Thant

<< Back World CUp 2014 News


Advertisement
Here