Bundesliga News

ရှာကီရီကို မရောင်းပါ

Jul 15 , 2014

ဆွစ်ဇာလန်လက်ရွေးစင် ရှာကီရီကို ရောင်းထုတ်မည်မဟုတ်ကြောင်း ဘိုင်ယန်မြူးနစ်အသင်းက ပြောဆိုလိုက်သည်။

ဘိုင်ယန်မှ အားကစားဒါရိုက်တာ မားသီးယပ်စ်ဆမ်းမားက ရှာကီရီမှာ ဘိုင်ယန်၏ အနာဂတ်တွင် အရေးပါလာမည့် ကစားသမား တစ်ဦးဖြစ်၍ အသင်းပြောင်းခွင့်ပေးဦးမည် မဟုတ်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်။

ပရီးမီးယားလိဂ်ကလပ်တစ်ခုဖြစ်သော လီဗာပူးက အသက် ၂၂ နှစ်အရွယ် ရှာကီရီကို ယူရို ၁၉ သန်းဖြင့် ကမ်းလှမ်းခဲ့ခြင်းဖြစ်ပြီး ဘိုင်ယန်က တိုနီခရူးစ်ထွက်ခွာသွားနိုင်သည့်အတွက် ရှာကီရီကို ဆက်ထိန်းလိုခြင်း ဖြစ်သည်။

ဘေဆယ်အသင်းမှ ပြောင်းရွှေ့လာသည့် ရှာကီရီမှာ ဆွစ်ဇာလန်အသင်းနှင့်အတူ ၂၀၁၄ ကမ္ဘာ့ဖလားပွဲတွင် နာမည်ရလာခဲ့သူဖြစ်ပြီး ဟွန်ဒူးရပ်စ်နှင့်ပွဲတွင် ဟက်ထရစ်သွင်းယူနိုင်ခဲ့သူလည်း ဖြစ်သည်။

သူသည် လွန်ခဲ့သောရာသီတွင် ဘိုင်ယန်အတွက် ၁၇ ပွဲကစားကာ ၆ ဂိုးသွင်းယူပေးခဲ့သည်။

U Myo Thant




<< Back Bundesliga News


Advertisement
Here