Bundesliga News

စပိန်သွားမယ့် ခရူးစ်

Jul 15 , 2014

ဘိုင်ယန်ကွင်းလယ်ကစားသမား တိုနီခရူးစ်မှာ သူ၏အေးဂျင့်နှင့်အတူ ယနေ့စပိန်သို့ သွားရောက်၍ အသင်းပြောင်းရွှေ့ရေး အတွက် ဆွေးနွေးမည်ဟု သိရသည်။

ခရူးစ်မှာ ဘိုင်ယန်နှင့် စာချုပ်သက်တမ်း ၁ နှစ်သာကျန်တော့ပြီး သက်တမ်းတိုးစာချုပ်ချုပ်ဆိုရန်ကိုလည်း ငြင်းဆိုထားသူ ဖြစ်သည်။

၂၄ နှစ်သား ခရူးစ်မှာ မန်ယူသို့ ပြောင်းရွှေ့မည်ဟု သတင်းထွက်ခဲ့သေးသော်လည်း သူ၏အေးဂျင့်က ပြတ်သားသော ဆုံးဖြတ်ချက် မျိုးမရသေးဟုဆိုကာ ငြင်းဆိုခဲ့ပြီး ယခုအခါတွင်မူ စပိန်မြို့တော် မက်ဒရစ်မှ ရီးရဲလ်အသင်း တာဝန်ရှိသူများနှင့် သွားရောက်တွေ့ ဆုံတော့မည် ဖြစ်သည်။

အေးဂျင့်ဖြစ်သူ ဗော်လ်ကာ စထရပ်စ်က ခရူးစ်နဲ့ ကျနော်တို့ ဗုဒ္ဓဟူးနေ့လောက်မှာ သေချာတဲ့ဆုံးဖြတ်ချက်တစ်ခုချဖြစ်မှာပါ ဟု ပြော ဆိုခဲ့သည်။

ဘိုင်ယန်အသင်း ပြောရေးဆိုခွင့်ရှိသူက ဘိုင်ယန်အနေနှင့် ခရူးစ်ထံမှ အကြောင်းပြန်ချက်ကို စောင့် ဆိုင်းနေကြောင်း ပြောဆိုသွား ခဲ့သည်။

U Myo Thant




<< Back Bundesliga News


Advertisement
Here