La-liga News

ပွဲ ၅၀၀ ပြည့်မည့် မက်ဆီ

Dec 30 , 2015

ယနေ့ည ဘက်တစ်နှင့်ကစားရမည့်ပွဲစဉ်တွင် မက်စီမှာ ဘာစီလိုနာအတွက်စုစုပေါင်း ပွဲ ၅၀၀ ပြည့်အဖြစ် ကစားသူအဖြစ်မှတ်တမ်းဝင်မည်ဖြစ် သည်။

၂၀၀၄ ခုနှစ်မှစ၍ ဘာစီလိုနာအတွက်စတင်ကစားခဲ့သော မက်ဆီမှာ လက်ရှိအချိန်ထိ အသင်းအတွက် ၄၂၄ ဂိုးသွင်းပေးထားခဲ့ပြီဖြစ်ပြီး ဆု ဖလားပေါင်း ၂၆ ခုနှင့် ဖီဖာကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆုကို ၄ ကြိမ်ရရှိခဲ့ပြီး ဖြစ်သည်။

အသက် ၂၈ နှစ်ရှိပြီဖြစ်သော မက်ဆီမှာ ဘာစီလိုနာအတွက် ဂိုးအများဆုံးသွင်းနိုင်ခဲ့သော ရာသီမှာ ၂၀၁၁ - ၁၂ တွင်ဖြစ်ပြီး လာလီဂါတွင် ဂိုး ၅၀နှင့်ချန်ပီယံလိဂ်တွင် ၁၄ ဂိုးသွင်းယူနိုင်ခဲ့ကာ အခြားပြိုင်ပွဲများနှင့်ဆိုလျင် ယင်းရာသီ၌ စုစုပေါင်း ၇၃ ဂိုးရရှိခဲ့သည်။

အာဂျင်တီးနားလက်ရွေးစင်လည်းဖြစ်သူ မက်ဆီမှာ အိမ်ကွင်းတွင် ၂၃၆ ဂိုး၊ အဝေးကွင်းတွင် ၁၇၄ ဂိုးနှင့် ကြားကွင်းတွင် ၁၄ ဂိုးသွင်းယူနိုင်ခဲ့ သည်။

သူသည် နည်းပြ ၅ ဦး၏ လက်အောက်တွင်ကစားခဲ့ရသူဖြစ်ပြီး နည်းပြ ဂွာဒီယိုလာလက်ထက်တွင် ၂၁၉ ဂိုး သွင်းနိုင်ခဲ့ကာ နည်းပြ မာတီနို လက်ထက်တွင် ၄၆ ဂိုးသာ သွင်းနိုင်ခဲ့သည်။

ကစားခဲ့ပြီးသော ၄၉၉ ပွဲတွင် မက်ဆီကစားခွင့်ရခဲ့သည့်အချိန်ပေါင်းမှာ ၃၉၆၇၀ မိနစ်ဖြစ်သည်။

U Myo Thant




<< Back La-liga News


Advertisement
Here