Euro 2016

ဟော်လန် FA က ဗန်ဂေါလ်ကိုခေါ်လို

Dec 30 , 2015

မန်ယူနည်းပြဘ၀တွင်မရေမရာဖြစ်နေသော ဗန်ဂေါလ်ကို ဟော်လန်လက်ရွေးစင်အသင်းနည်းစနစ်ဒါရိုက်တာအဖြစ် ခေါ်ယူ လိုကြောင်းဟော်လန် နည်းပြ ဒန်နီဘလိုင်းက ပြောဆိုလိုက်သည်။

ဗန်ဂေါလ်မှာ မန်ယူနှင့်၂၀၁၇ တွင် စာချုပ်သက်တမ်းကုန်ဆုံးမည်ဖြစ်သဖြင့် ယင်းကာလတွင် ဟော်လန်အသင်းက တစ်ကျော့ပြန် ပြန်လည်ခေါ် ယူလို ခြင်းဖြစ်သည်။

၂၀၁၄ ကမ္ဘာ့ဖလားပွဲတွင် ဟော်လန်အသင်းကို ဆီမီးဖိုင်နယ်အထိ ရောက်စေခဲ့သောဗန်ဂေါလ်မှာ ယင်းပြိုင်ပွဲအပြီးတွင် မန်ယူသို့ရောက်ရှိ ခဲ့ခြင်းဖြစ်သည်။

ထိုစဉ်က ဒန်နီဘလိုင်းမှာ ဗန်ဂေါလ်၏လက်ထောက်နည်းပြအဖြစ် ပါဝင်ခဲ့သူဖြစ်ပြီး ဟော်လန်အသင်းမှာ ယူရို ၂၀၁၆ ခြေစစ်ပွဲကိုမှု အောင်မြင် ခဲ့ခြင်းမရှိပေ။

အသက် ၆၄ နှစ် ရှိပြီဖြစ်သော ဗန်ဂေါလ်မှာမန်ယူတွင် ၈ ပွဲဆက်တိုက်နိုင်ပွဲမရှိဖြစ်နေသော်လည်း ရာထူးမှ နှုတ်ထွက်မည်မဟုတ်ဟု ပြောဆို ထားခဲ့သည်။

U Myo Thant




<< Back Euro 2016


Advertisement
Here