La-liga News

ရီးရဲလ်ကိုယုံတဲ့ ပီရက်ဇ်

Jan 01 , 2016

ရီးရဲလ်အသင်းအနေနှင့် ၂၀၁၆ တွင်ဆုဖလားရရှိရန် မိမိယုံကြည်မှုအပြည့်ရှိနေကြောင်း အသင်းဥက္ကဋ္ဌ ပီရက်ဇ်က ပြောဆိုလိုက်သည်။

စပိန်ထိပ်တန်းရီးရဲလ်မှာ ၂၀၁၅ တွင်လာလီဂါ၌ ဒုတိယသာရခဲ့ပြီး ချန်ပီယံလိဂ်တွင်လည်း ဆီမီးဖိုင်နယ်အဆင့်တွင် ဂျူဗင်တပ်ကိုရှုံးနိမ့်ခဲ့ရသည်။

ယခုရာသီတွင်လည်းရီးရဲလ်မှာ ပွဲပယ်ခံကစားသမားကို ထည့်သွင်းကစားစေခဲ့၍ စပိန်ဘုရင့်ဖလားပွဲမှ ထွက်လိုက်ရပြီး လာလီဂါတွင်လည်း အဆင့်၃၌သာရှိနေသည်။

သို့သော်  ပီရက်ဇ်က မိမိတို့အသင်းအနေနှင့် ဒုတိယရာသီဝက်တွင် အကောင်းဆုံးကြိုးစားပြနိုင်မည်ဟုယုံကြည်ထားပြီး ကစားသမားများနှင့် နည်းပြတို့သည်လည်း အကောင်းဆုံး စွမ်းဆောင်ပြနိုင်မည်ကို စိတ်ချထားပြီး ဖြစ်ကြောင်း ပြောဆိုသွားခဲ့သည်။

U Myo Thant




<< Back La-liga News


Advertisement
Here