La-liga News

နိုင်ပွဲကိုမျှော်နေသော နဗီးလ်

Jan 01 , 2016

ဗလင်စီယာနည်းပြအဖြစ်တာဝန်ယူခဲ့ပြီးနောက် လာလီဂါပွဲစဉ်များတွင် နိုင်ပွဲမရသေးသဖြင့် ဂယ်ရီ နဗီးလ်မှာ မချင့်မရဲ ဖြစ်နေဆဲဖြစ်သည်။

နဗီးလ်က နည်းပြအဖြစ် စုစုပေါင်း ၄ ပွဲကိုင်တွယ်ခဲ့ပြီးနောက်တွင် စပိန်ဘုရင့်ဖလားပွဲ၌ ဘာရာကယ်ဒိုအသင်းကို နိုင်ခဲ့သော်လည်း လာလီဂါပွဲစဉ် များတွင် အိုင်ဘာ၊ဂီတာဖေးတို့နှင့် သရေကျကာ ဗီလာရီးရဲလ်ကိုရှုံးနိမ့်ခဲ့သည်။

ယမန်နေ့က ဗီလာရီးရဲလ်နှင့်ကစားခဲ့သောပွဲတွင် အိမ်ရှင်ဗီလာရီးရဲလ်က ဘရူနို သွင်းယူပေးသောဂိုးဖြင့် အနိုင်ရရှိသွားခဲ့ပြီး အဆင့် ၄ သို့ရောက်ရှိ သွားကာ ဗလင်စီယာမှာ အဆင့် ၁၀ တွင်သာရှိနေဆဲဖြစ်သည်။

အဓိက ကစားသမားအချို့ ဒဏ်ရာနှင့်နားနေရခြင်းကြောင့် ရလဒ်ဆိုးနေရခြင်းဖြစ်ပြီး နဗီးလ် အနေနှင့် လာမည့် တနင်္ဂနွေည အိမ်ကွင်းတွင် ရီးရဲလ် ကိုဧည့်ခံရမည့်ပွဲ၌ ရလဒ်ကောင်းရရှိရေးကို အသည်းအသန်ကြိုးစားပြရဦးမည်ဖြစ်သည်။

၆ ရက်နေ့ စပိန်ဘုရင့် ဖလားပွဲတွင် ဂရာနာဒါကို အိမ်ကွင်း၌ပင် ဧည့်ခံရမည်ဖြစ်သဖြင့် အခြေအနေကောင်းနိုင်သော်လည်း လာလီဂါ တွင် နိုင်ပွဲ ရရေးအတွက်ကိုမှု ပူပင်နေရဆဲဖြစ်သည်။

U Myo Thant




<< Back La-liga News


Advertisement
Here