Euro 2016

အင်္ဂလန်အကြောင်းပြောတဲ့ဝင်းဂါး

Jan 01 , 2016

ကွင်းလယ်ကစားသမားဝီလ်ရှီးယား ဒဏ်ရာမှသက်သာ၍ ပြန်လည်ကစားနိုင်မည့်အတွက် အင်္ဂလန်အသင်းအနေနှင့် ယူရို ၂၀၁၆ တွင် ဗိုလ်စွဲနိုင်ကြောင်း အာဆင်နယ် နည်းပြ ၀င်းဂါးက ပြောဆိုလိုက်သည်။

ဒဏ်ရာမကြာခဏရနေသော ၀ီးလ်ရှီးယားမှာ အင်္ဂလန်အသင်းအတွက် အဓိက ကစားသမားတစ်ဦးဖြစ်ပြီး ဒဏ်ရာကြောင့် နားနေရ ဆဲဖြစ်သော် လည်း လာမည့်နွေ ယူရို ၂၀၁၆ ပြိုင်ပွဲအမီ သက်သာလာမည်ဖြစ်သည်။

ပြင်သစ်နိုင်ငံတွင်ကျင်းပမည့် ယူရို ၂၀၁၆ ပြိုင်ပွဲနှင့်ပတ်သက်၍ ပြင်သစ်သား ၀င်းဂါးက ထိုပြိုင်ပွဲတွင် အင်္ဂလန်အသင်းအောင်မြင်မည် ဟုယုံကြည်ကြောင်း၊ ခြေစစ်ပွဲများတွင် ဗိုလ်စွဲနိုင်စွမ်းကိုပြသခဲ့ပြီးဖြစ်ကြောင်း၊ ကွင်းလယ်ကစားသမား ၀ီလ်ရှီးယား သာကြံ့ခိုင်မှုအပြည့်ဖြင့် ပါဝင်နိုင်ခဲ့ပါက အကောင်းဆုံးအသင်းတစ်သင်းအဖြစ် ပုံပေါက်လာမည်ဖြစ်ကြောင်း၊ ဂျာမနီ ၊စပိန်၊ ပြင်သစ်တို့ကို ဗိုလ်စွဲနိုင်သည့်အသင်းများဟု ဆိုလျှင် အင်္ဂလန်အသင်းသည်လည်း ထိုစာရင်းတွင်ပါဝင်နိုင်ကြောင်း၊ မိမိအသင်းရှိ အင်္ဂလန်လက်ရွေးစင်များမှာ အကောင်းဆုံးခြေစွမ်းများ ရနေကြောင်း ပြောဆိုသွားခဲ့သည်။

U Myo Thant




<< Back Euro 2016


Advertisement
Here