Serie-A News

ဂျူဗင်တပ်နည်းပြ နှုတ်ထွက်

Jul 16 , 2014

ဂျူဗင်တပ်နည်းပြ ကွန်တီသည် ၎င်း၏ရာထူးမှ နှုတ်ထွက်သွားခဲ့ပြီဖြစ်သည်။

အသက် ၄၄ နှစ်ရှိပြီဖြစ်သော ကွန်တီမှာ ဂျူဗင်တပ်ကို ၃ နှစ်ဆက်တိုက် စီးရီးအေချန်ပီယံဖြစ်စေရန် ဦးဆောင်ပေးခဲ့သူ ဖြစ်သည်။

ဂျူဗင်တပ်အနေနှင့် ယင်း ၃ ကြိမ်အပါအ၀င် စုစုပေါင်း ချန်ပီယံအကြိမ် ၃၀ အထိ ရရှိခဲ့ပြီဖြစ်ပြီး လွန်ခဲ့သောရာသီက ရရှိခဲ့သော အမှတ် ၁၀၂ မှတ်မှာ စီးရီးအေသမိုင်းတွင် အမှတ်အများဆုံး အဖြစ် စံချိန်တင် ခဲ့သည်။

ဂျူဗင်တပ်တွင် အသင်းခေါင်းဆောင်အဖြစ်ပါ ကစားခဲ့ဘူးသော ကွန်တီက သူ့အနေနှင့် အသင်းကို စွန့်ခွာရန်အချိန်တန်ပြီဟု ယူဆခြင်းကြောင့် ယခုကဲ့သို့ဆုံးဖြတ်ရခြင်း ဖြစ်ကြောင်း ပြောဆိုခဲ့သည်။

U Myo Thant




<< Back Serie-A News


Advertisement
Here