Euro 2016

ယူရိုပွဲမသေချာသည့်လုခ်ရှော့

Jan 02 , 2016

မန်ယူနှင့်အင်္ဂလန်နောက်ခံလူ လုခ်ရှော့မှာ ယခုရာသီတွင် မန်ယူအတွက်ပြန်ကစားနိုင်ရန် မသေချာသကဲ့သို့ ယူရို ၂၀၁၆ ပြိုင်ပွဲကိုလည်းလွဲချော် သွားနိုင်ကြောင်း မန်ယူနည်းပြဗန်ဂေါလ်က ပြောဆိုလိုက်သည်။

လုခ်ရှော့မှာ မန်ယူ၏ ချန်ပီယံလိဂ်အဝေးကွင်းပွဲစဉ်အဖြစ် PSV နှင့် လွန်ခဲ့သော စက်တင်ဘာလအတွင်း ကစားရစဉ်က ဒဏ်ရာရရှိခဲ့ခြင်းဖြစ်ပြီး ယခုအခါ ဒဏ်ရာသက်သာရေးအတွက် ကြိုးစားနေသော်လည်း ရာသီမကုန်မီ ပြန်ကစားနိုင်ရေးမှာ မသေချာသေးပေ။

အသက် ၂၀ သာရှိသေးသည့် အင်္ဂလန်လက်ရွေးစင်လည်းဖြစ်သူ လုခ်ရှော့အနေနှင့် ကြံ့ခိုင်ရေးပြန်လည်ပြည့်ဝရန် ကြိုးစားနေသော်လည်း တိုးတက်မှုအခြအနေနှေးကွေးနေဆဲဟု သိရသည်။

ပြန်ကစားနိုင်မည်လားဆိုသည့် မေးခွန်းနှင့်ပတ်သက်၍ ဗန်ဂေါလ်က ဘယ်တော့လောက်ပြန်ကစားနိုင်မယ်ဆိုတာ ဘယ်သူကမှ သေ ချာပေါက်ပြောလို့မရသေးပါဘူးဟု ဆိုခဲ့သည်။

U Myo Thant




<< Back Euro 2016


Advertisement
Here