La-liga News

ဘင်နီတက်ဇ်အတွက်ဂျရတ်စိတ်မကောင်း

Jan 06 , 2016

ရီးရဲလ်နည်းပြအဖြစ်မှထုတ်ပယ်ခံလိုက်ရသည့် ဘင်နီတက်ဇ်အတွက် မိမိစိတ်မကောင်းဖြစ်ရကြောင်း ဂျရတ်ကပြောဆိုလိုက်သည်။

ဘင်နီတက်ဇ်မှာ လွန်ခဲ့သော ၇ လကမှ ရီးရဲလ်သို့နည်းပြအဖြစ်ရောက်ရှိလာသူဖြစ်ပြီး လက်ရှိအချိန်တွင် လာလီဂါအဆင့် ၃သို့ရောက်နေမှု ၊ ပြိုင်ဘက်ဘာစီလိုနာကို ၄းဝဖြင့်ရှုံးခဲ့မှုများသည် ဘင်နီတက်ဇ်ကို ထုတ်ပယ်လိုက်ရသည့်အကြောင်းများပင်ဖြစ်သည်။

ဂျာရတ်မှာလီဗာပူးတွင်ရှိနေစဉ်က နည်းပြဘင်နီတက်ဇ်၏ ဦးဆောင်မှုဖြင့် ချန်ပီယံလိဂ်ဖလားနှင့် FA ဖလားများရခဲ့သူဖြစ်သည်။

အသက် ၅၅ နှစ်အရွယ်ဘင်နီတက်ဇ်နှင့်ပတ်သက်၍ ဂျရတ်က သူ့အတွက်ကျနော်စိတ်မကောင်းပါဘူး။ဒါပေမယ့် သူ့ရဲ့အရင် စွမ်းဆောင်ခဲ့မှုတွေ ကိုကြည့်ပြီး သူ့ကိုခေါ်ချင်နေတဲ့ အသင်းကြီးတွေရှိနေမှာအမှန်ပါ။ ဘယ်ကလပ်ဆိုတော့ကျနော်မပြောနိုင်ပေမယ့် သူဟာ နည်းပြဘ၀ကို သိပ်မကြာခင် ပြန်ရောက်နေမှာသေချာပါတယ်ဟု ပြောဆိုသွားခဲ့သည်။

U Myo Thant




<< Back La-liga News


Advertisement
Here