World CUp 2014 News

ဘရာဇီးနည်းပြမလုပ်တဲ့ ပယ်လီဂရီနီ

Jul 16 , 2014

မန်စီးတီးနည်းပြ ပယ်လီဂရီနီမှ ဘရာဇီးမှ ကမ်းလှမ်းခဲ့သည့် လက်ရွေးစင်အသင်းနည်းပြ ရာထူးကိုငြင်းဆိုခဲ့ကြောင်း သိရသည်။

ပယ်လီဂရီနီမှာ မန်စီးတီးတွင် နည်းပြအဖြစ် စတင်ကိုင်တွယ်သည့်နှစ်မှာ ပရီးမီးယားချန်ပီယံနှင့် ကက်ပီတယ်ဝမ်းဖလားတို့ ရရှိခဲ့ သူ ဖြစ်သည်။

ဘရာဇီးအသင်းမှာ ကမ္ဘာ့ဖလားပွဲတွင် ဆီမီးသို့ရောက်ရှိခဲ့သော်လည်း ဂျာမနီကို ၇း၁ ဖြင့်ရှုံးကာ တတိယလုပွဲတွင်လည်း ဟော်လန် ကို ၃းဝ ဖြင့် အရေးနိမ့်ခဲ့ပြီး ယင်းနောက်ပိုင်းတွင် နည်းပြစကိုလာရီ နှုတ်ထွက်သွားခဲ့သည်။

ထို့ကြောင့် ဘရာဇီးဘောလုံးအဖွဲ့ချုပ်က တောင်အမေရိကမှပင်ဖြစ်သော ချီလီသား ပယ်လီဂရီနီကို ကမ်းလှမ်းခဲ့ခြင်း ဖြစ်သည်။

ပယ်လီဂရီနီမှာ မန်စီးတီးနှင့် စာချုပ်သက်တမ်း ၃ နှစ်ကျန်သေးပြီး ယခုအခါ အသင်းလေ့ကျင့်ရေးစခန်းတွင် ရှိနေဆဲဖြစ် ကာ သောကြာနေ့ ဟတ်စ်နှင့် ခြေစမ်းပွဲအတွက် ပြင်ဆင်လျှက် ရှိသည်။

U Myo Thant

<< Back World CUp 2014 News


Advertisement
Here