La-liga News

ဇီးဒန်းအကြောင်းပြောတဲ့ကားလို့စ်

Jan 06 , 2016

အသင်းဖော်ဟောင်းတစ်ယောက်ဖြစ်သူ ရီးရဲလ်နည်းပြဇီဒန်းနှင့်ပတ်သက်၍ ကားလို့စ်က ရီးရဲလ်ကစားသမားများအနေနှင့် ဘင်နီတက်ဇ်ထက် ဇီဒန်းအပေါ်ပို၍ နားလည်နိုင်ကြလိမ့်မည်ဟု ပြောဆိုလိုက်သည်။

ရီးရဲလ်အသင်းမှာ ဘင်နီတက်ဇ်ကိုထုတ်ပယ်ကာ လူငယ်အသင်းနည်းပြလုပ်နေသော ဇီဒန်းကို တာဝန်ပေးလိုက်ခြင်း ဖြစ်သည်။

ကားလို့စ်က ဇီဒန်းကိုခန့်အပ်ခြင်းမှာ ရီးရဲလ်အတွက် မှန်ကန်သော ရွေးချယ်မှုဟု ပြောဆိုခဲ့ပြီး ဇီဒန်းမှာရီးရဲလ်နှင့်အတူ အောင်မြင်လိမ့်မည် ဟုပါ ပြောဆိုခဲ့သည်။

ကားလို့စ်မှာ ရီးရဲလ်အတွက်ပွဲပေါင်း ၅၀၀ ကျော်ပါဝင်ကစားပေးခဲ့သူဖြစ်ပြီး ကားလို့စ်နှင့်ဇီဒန်းတို့မှာ ရီးရဲလ်နှင့်အတူ ဆုဖလား ၆ ခုရရှိခဲ့ကြသူ များဖြစ်သည်။

U Myo Thant




<< Back La-liga News


Advertisement
Here