Europa League

လက်မှတ်ခအပေါ်မန်ယူပရိသတ်မကျေနပ်

Jan 07 , 2016

ဒိန်းမတ်ကလပ်မစ်ဂျေးလန်းနှင့်ကစားရမည့် ယူရိုပါလိဂ်ပွဲတွင် လက်မှတ်ခမှာ ၇၁ ပေါင် သတ်မှတ်ထားခြင်းကြောင့် မန်ယူပရိသတ်များမှာ မကျေ မနပ် ဒေါသထွက်လျက်ရှိသည်။

ယူရိုပါလိဂ်ပွဲအဖြစ်နှင့်ပင် လွန်ခဲ့သော သြဂုတ်လက ဆောက်သင်တန်နှင့်မစ်ဂျေးလန်းတို့ကစားရာတွင် ဆောက်သင်တန်ပရိသတ်များအတွက် လက်မှတ်ခမှာ ၂၂ ပေါင်သာပေးရပြီး ယခုမန်ယူနှင့်ပွဲတွင် ၄၉ပေါင် ပိုပေးရကာ ၇၁ ပေါင်သတ်မှတ်ခြင်းအပေါ်အဝေးကွင်း ပရိသတ်အဖြစ် လာရောက်အားပေးရမည့် မန်ယူပရိသတ်များက ဒေါသထွက်နေကြခြင်းဖြစ်သည်။

မစ်ဂျေးလန်း၏ကွင်းမှာလည်း ပရိသတ် ၉၅၀၀ သာကြည့်နိုင်မည့်ကွင်းဖြစ်ပြီး မန်ယူပရိသတ်များအတွက် လက်မှတ်စောင်ရေ ၈၀၀ သာရောင်းပေး မည်ဟုလည်းသိရသည်။

မန်ယူပရိသတ်တစ်ဦးက မစ်ဂျေးလန်း ပရိသတ်များက ၂၂ ပေါင်သာပေးရမည့်ပွဲကို မန်ယူပရိသတ်များ က ၇၁ ပေါင်ပေးရမည်ဆိုသည်မှာ လက်ခံနိုင်စရာမဟုတ်ကြောင်းပြောဆိုခဲ့ပြီး အခြားတစ်ဦးကလည်း ၀ုလ်စ်ဘတ်နှင့်ပွဲကထက် လက်မှတ်ခ ၃ ဆခန့်များနေသည်မှာ နားမလည် စရာပင်ဖြစ်ကြောင်း ရင်ဖွင့်သွားခဲ့သည်။

U Myo Thant

<< Back Europa League


Advertisement
Here