Europe News

မိုနာကိုရောက် မက်ခလီလီ

Jan 08 , 2016

ချဲလ်ဆီးကွင်းလယ်ကစားသမားဟောင်း မက်ခလီလီမှာ နည်းစနစ်ဒါရိုက်တာရာထူးဖြင့် မိုနာကိုအသင်းသို့ ရောက်ရှိသွားပြီဖြစ်သည်။

မက်ခလီလီအနေနှင့် အသင်းနှင့် ကလပ် စီမံခန့်ခွဲမှုတို့အတွက် ချိတ်ဆက်တာဝန်ယူ ဆောင်ရွက်ရမည်ဖြစ်သည်။

လွန်ခဲ့သောရာသီက ပြင်သစ်လိဂ်ဝမ်း ကလပ်တစ်ခုပင်ဖြစ်သော ဘက်စတီယာ၏ နည်းပြအဖြစ်မှ ထုတ်ပယ်ခံခဲ့ရသော မက်ခလီလီမှာ ချဲလ်ဆီး သို့အငှားချထားသော တိုက်စစ်မှုးဖယ်ကာအို၏ ရှေ့ရေးအတွက်လည်း စဉ်းစားရလိမ့်မည်ဖြစ်သည်။

အသက် ၄၁ နှစ်ရှိပြီဖြစ်သော မက်ခလီလီမှာ ချဲလ်ဆီးတွင် ၅ ရာသီကစားခဲ့သူဖြစ်ပြီး ပြင်သစ်လက်ရွေးစင်ဟောင်းလည်းဖြစ်သည်။

သူက အခုလို ပြင်သစ်ရဲ့ထိပ်တန်းကလပ်တစ်ခုကို ရောက်ခဲ့လို့ သိပ်စိတ်လှုပ်ရှားမိပါတယ်။ဒါဟာ ကျနော်ဘ၀အတွက် လှေကားထစ်အသစ် တစ်ခုလိုပါပဲ၊မိုနာကိုအနေနဲ့ နှစ်တိုင်း ချန်ပီယံလိဂ်ဝင်ခွင့်ရရေးနဲ့ တစ်ခြား ပန်းတိုင်တွေအတွက် ကျနော်ဘက်က တတ်နိုင်သမျှ ကြိုးစားသွား မှာပါဟု ပြောဆိုသွားခဲ့သည်။

U Myo Thant




<< Back Europe News


Advertisement
Here