Europa League

၂ပွဲအပယ်ခံရသောဆွာရက်ဇ်

Jan 09 , 2016

ဘာစီလိုနာတိုက်စစ်မှုးဆွာရက်ဇ်မှာ အက်စပန်ညိုနှင့်ပွဲစဉ်မှ အဖြစ်အပျက်ကြောင့် ၂ပွဲပယ်ပြစ်ဒဏ်ကျခံရမည်ဖြစ်သည်။ 

အက်စပန်ညိုနှင့်ကစားခဲ့သော စပိန်ဘုရင့်ဖလား ပွဲစဉ်တွင် နှစ်ဘက်ကစားသမားများအချင်းများရာ၌ ဆွာရက်ဇ်မှာ ရန်လိုသောပြုမှုပုံများ ကျူးလွန်ခဲ့ခြင်ကြောင့် ယခုကဲ့သို့ ပြစ်ဒဏ်ကျခံရခြင်းဖြစ်သည်။

သို့သော် ယခုပွဲပယ်ပြစ်ဒဏ်မှာ လာလီဂါပွဲနှင့်မဆိုင်ပဲ စပိန်ဘုရင့်ဖလားပွဲများတွင်သာ အကျုံးဝင်မည်ဟု သိရသည်။

ဘာစီလိုနာက ၄း၁ ဖြင့်နိုင်ခဲ့သော ထိုပွဲစဉ်တွင် အက်စပန်ညို ဘက်မှ ကစားသမား၂ယောက်ထုတ်ပယ်ခံခဲ့ရပြီး ဒုတိယအကျော့ကို အက်စပန်ညိုကွင်းတွင် ပြန်ကစားရဦးမည်ဖြစ်သည်။

ဘာစီလိုနာမြို့ခံ ၂သင်းဖြစ်သဖြင့် တွေ့ဆုံသည့် အခါတိုင်း ပရိသတ်များ၏ လွန်လွန်ကျူးကျူးအားပေးမှုများကြောင့် မကြာခဏ အချင်းများမှုများ ရှိခဲ့ပြီး ၂ ရက်နေ့ အက်စပန်ညိုကွင်းတွင် ဂိုးမရှိသရေကျခဲ့သော လာလီဂါ ပွဲစဉ်တွင်လည်း အိမ်ရှင်ပရိသတ်များက ဘာစီလိုနာမှ နေမာကို ပစ်မှတ်ထား အော်ဟစ်လှောင်ပြောင်ခဲ့ကြသည်။

စပိန်ဘုရင့်ဖလားဒုတိယအကျော့ကို အက်စပန်ညိုကွင်း တွင်လာမည့် ၁၄ ရက်နေ့၌ ကစားရမည်ဖြစ်သည်။

U Myo Thant




<< Back Europa League


Advertisement
Here