FA Cup News

ပွဲစဉ်ဇယားကိုဝေဖန်တဲ့ပါဂျူး

Jan 11 , 2016

ခရစ္စတယ်ပဲလေ့စ်နည်းပြပါဂျူးက ပရီးမီးယားလိဂ်နှင့် FA ဖလားပွဲစဉ်များရေးဆွဲရာတွင် ရက်ကပ်လွန်းသည့်အပေါ်ဝေဖန်လိုက်သည်။

ပဲလေ့စ်အသင်းမှာ ခရစ္စမတ်အလွန် Boxing Day ပွဲစဉ်မှ ဇန်န၀ါရီ ၁၃ ရက်အတွင်း ၅ ပွဲကစားရမည်ဖြစ်သဖြင့် ၄ ရက်တွင်တစ်ပွဲနှုန်းခန့်ရှိနေ သည့် အပေါ်ဝေဖန်ခဲ့ခြင်းဖြစ်သည်။

ပါဂျူးက ကျနော့်အထင် FA ဖလား တတိယအဆင့်ပွဲစဉ်တွေကို ရွှေ့သင့်ပါတယ်။ဒီလောက်ရက်တွေကပ်နေတာဟာ မျှတတဲ့ပြိုင်ပွဲမျိုး ဖြစ်လာ မယ် မထင်ပါဘူး။၎ ရက်တစ်ပွဲကစားရတာဟာ အရန်အင်အားမတောင့်တင်းတဲ့ အသင်းမျိုးဆိုမလွယ်ပါဘူး ဟု ပြောဆိုခဲ့သည်။

ပဲလေ့စ်အသင်းမှာ စနေနေ့ FA ဖလားပွဲတွင် ဆောက်သင်တန်ကို ၂း၁ ဖြင့်နိုင်ခဲ့ပြီး ပရီးမီးယားလိဂ်နောက်ဆုံး၃ပွဲတွင် ၂ ပွဲသရေ ၁ ပွဲရှုံးထား ကာ လောလောဆယ်အဆင့်၇တွင်ရှိနေကာ အင်္ဂါနေ့ညတွင် ပရီးမီးယားလိဂ်ပွဲစဉ် အဝေးကွင်းပွဲအဖြစ် ဗီလာနှင့် ကစားရမည်ဖြစ်သည်။

U Myo Thant




<< Back FA Cup News


Advertisement
Here