La-liga News

ပီရက်ဇ်ကိုနားမလည်တဲ့အန်ဆလော့တီ

Jan 11 , 2016

ရီးရဲလ်ဥက္ကဋ္ဌ ပီရက်ဇ်အနေနှင့် ဘင်နီတက်ဇ်ကိုထုတ်ပယ်လိုက်ခြင်းအပေါ် မိမိနားမလည်နိုင်ဖြစ်ရကြောင်း အန်ဆလော့တီက ပြောဆိုလိုက် သည်။

ရီးရဲလ်အသင်းမှာ လွန်ခဲ့သည့် ၁၂ လအတွင်း ၂ ယောက်မြောက်အဖြစ် နည်းပြဘင်နီတက်ဇ်ကိုထုတ်ပယ်ခဲ့ပြီး ကစားသမားဟောင်း ဇီဒန်းကိုခန့် ထားခဲ့သည်။

ဘင်နီတက်ဇ်မှာ ရီးရဲလ်အသင်းသို့ ၃ နှစ်သက်တမ်းစာချုပ်ဖြင့်ရောက်ရှိလာခဲ့ပြီးနောက် ၇-လအကြာတွင် ထုတ်ပယ်ခံခဲ့ရခြင်းဖြစ်သည်။ စပိန်သား ဘင်နီတက်ဇ်မှာ ရီးရဲလ်ကိုချန်ပီယံလိဂ် အုပ်စုအဆင့်မှကျော်လွန်စေခဲ့ပြီး လာလီဂါတွင်လည်းဇယားထိပ်မှ အက်သလက်တီကိုနှင့် ၄ မှတ်အကွာ တတိယနေရာတွင် ရှိနေစေခဲ့သည့်ကြားမှ ထုတ်ပယ်ခံခဲ့ရခြင်း ဖြစ်သည်။

ရီးရဲလ်ဟာ ဒီရာသီမှာပွဲတွေအများကြီးကစားခဲ့ရသလို လာလီဂါနှင့်ချန်ပီယံလိဂ်မှာ အခြေအနေဆိုးတယ်လို့ ပြောလို့မရတဲ့အနေအထားမှာ ရှိနေ တဲ့ကြားက နည်းပြကို ထုတ်လိုက်တဲ့ ပီရက်ဇ်ရဲ့လုပ်ရပ်ကို တကယ်နားမလည်နိုင်ပါဘူးဟု ပြောဆိုခဲ့သည်။

အန်ဆလော့တီမှာလည်း ဘင်နီတက်ဇ်မတိုင်မီ ရီးရဲလ်မှထုတ်ပယ်ခံခဲ့ရသည့် နည်းပြတစ်ဦးဖြစ်သည်။

U Myo Thant




<< Back La-liga News


Advertisement
Here