La-liga News

ဘက်တစ်နည်းပြထုတ်ပယ်ခံရ

Jan 11 , 2016

ဘက်တစ်နည်းပြ ပီပီမဲလ်မှာ ၈ ပွဲဆက်တိုက်နိုင်ပွဲပျောက်ခဲ့ပြီးနောက် ရာထူးမှထုတ်ပယ်ခံလိုက်ရပြီဖြစ်သည်။

ဘက်တစ်အသင်းမှာပြီးခဲ့သည့်စနေနေ့ ဂီတာဖေးနှင့်ပွဲတွင် ၁းဝဖြင့်ရှုံးခဲ့သဖြင့် ပြိုင်ပွဲအရပ်ရပ်အတွက် နောက်ဆုံး ၈ပွဲတွင် နိုင်ပွဲအမရှိခဲ့ပဲ တန်းဆင်းဇုန်နှင့် ၅ မှတ်အကွာအဆင့် ၁၅ သို့ရောက်ရှိသွားခဲ့သည်။

ဝက်စ်ဘရွန်းအသင်းကို ကိုင်တွယ်ခဲ့ဘူးသော မဲလ်မှာ ၂၀၁၀ ဇူလိုင်လမှ ၂၀၁၃ ဒီဇင်ဘာလအထိ ဘက်တစ်ကိုတာဝန်ယူခဲ့သူဖြစ်ပြီး ၂၀၁၄ ဒီဇင်ဘာတွင် ဘက်တစ်သို့ နည်းပြအဖြစ် နောက်တစ်ကြိမ်ပြန်လည်ရောက်ရှိခဲ့ကာ အသင်းကို လာလီဂါသို့ တန်းတက်ခွင့်ရအောင် ဦးဆောင်ပေး ခဲ့သူဖြစ်သည်။

နောက်ဆုံး ၅ ပွဲတွင် တစ်ဂိုးမျှမသွင်းနိုင်ခဲ့သော အသင်းခြေစွမ်းအတွက် ဘုတ်အဖွဲ့က မဲလ်ကို ထုတ်ပယ်ရန်ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

U Myo Thant




<< Back La-liga News


Advertisement
Here