La-liga News

နိုင်ပွဲမရသေးသောနဗီးလ်

Jan 11 , 2016

နည်းပြအဖြစ်စတင်တာဝန်ယူခဲ့ချိန်မှစ၍ လာလီဂါတွင်နိုင်ပွဲမရသေးသည့်အတွက် ဗလင်စီယာနည်းပြနဗီးလ်မှာ စိတ်ပျက်လျက်ရှိနေသည်။

ဗလင်စီယာအသင်းမှာ စပိန်ဘုရင့်ဖလားပြိုင်ပွဲတွင် ဂရာနာဒါကို ၄းဝ ဖြင့်နိုင်ခဲ့သော်လည်း လာလီဂါပွဲစဉ်များတွင် သရေပွဲနှင့်ရှုံးပွဲများသာရှိနေခဲ့ သည်။

နဗီးလ်က အသင်းရလဒ်များကြောင့် ယခု ဇန်န၀ါရီအပြောင်းအရွှေ့ကာလတွင် ကစားသမားသစ်များ ခေါ်ယူမည်မဟုတ်ကြောင်း၊ လက်ရှိကစား သမားများနှင့်သာ ဆက်၍စခန်းသွား မည်ဖြစ်သောကြောင့် ကစားသမားများအနေနှင့်ပို၍ ကြိုးစားကြရန်လိုကြောင်း၊ မိမိအသင်းတွင်ခြေစွမ်းရှိ ကစားသမားများ ပါဝင်နေသည်ကိုသိရှိကြောင်း၊ ထိုကစားသမား များအနေနှင့် ယခင်ကထက် ခြေစွမ်းတိုးတက်လာရေး အားထုတ်ရန်သာ လိုကြောင်း ပြောဆိုသွားခဲ့သည်။

ဗလင်စီယာအသင်းမှာ ယမန်နေ့က ဆိုစီဒက်နှင့်ပွဲတွင် ၂းဝ ဖြင့် ရှုံးနိမ့်ခဲ့ပြီး ၁၉ ပွဲကစား ၂၃ မှတ်ဖြင့် အဆင့် ၁၁ တွင်သာရှိနေဆဲဖြစ်သည်။

U Myo Thant




<< Back La-liga News


Advertisement
Here