FA Cup News

၃ ကြိမ်ဆက်ဗိုလ်စွဲချင်တဲ့ ဘယ်လီရင်

Jan 11 , 2016

မိမိတို့အာဆင်နယ်အသင်းအနေနှင့် FA ဖလားကို ၃ကြိမ်ဆက်တိုက် ဗိုလ်စွဲခွင့်ရရန်အတတ်နိုင်ဆုံး ကြိုးစားသွားမည်ဟု ဘယ်လီရင်ကပြောဆို လိုက်သည်။

အာဆင်နယ်အသင်းမှာ ၂၀၁၄ တွင် ဟောလ်စီးတီးကိုနိုင်ကာ ဗိုလ်စွဲခဲ့ပြီး ၂၀၁၅ တွင်လည်းဗီလာကိုနိုင်ပြီး ထပ်ဆင့်ချန်ပီယံဖြစ်ခဲ့သည့် အသင်းဖြစ်သည်။

အာဆင်နယ် အသင်းမှာ FA ဖလားတတိယအဆင့် ပွဲစဉ်အဖြစ် ဆန်းဒါးလန်းကိုအိမ်ကွင်းတွင်ဧည့်ခံကစားခဲ့ရာ၌ ၃း၁ ဖြင့်အနိုင်ရရှိခဲ့ပြီး စတုတ္တ အဆင့်သို့တက်ရောက်လာခဲ့ပြီဖြစ်သည်။

ဘယ်လီရင်က မိမိတို့အသင်းအနေနှင့် FA ဖလားသမိုင်းတစ်လျှောက်တွင် ၁၈၈၄၊၁၈၈၅နှင့်၁၈၈၆ တို့တွင် ၃ ကြိမ်ဆက်ဗိုလ်စွဲခဲ့သည့် ဘလက်တန်းအသင်းပြီးနောက် ဒုတိယမြောက် ၃ ကြိမ်ဆက်ဗိုလ်စွဲသည့်အသင်းဖြစ်ရန် ရည်မှန်းချက်ထားနေကြောင်း၊ ယခုပြိုင်ပွဲကို မိမိတို့ အသင်းသားများက အလေးထားသကဲ့သို့ ပရိသတ်များကလည်း များစွာအားပေးနေကြကြောင်း ပြောဆိုသွားခဲ့သည်။

FA ဖလား စတုတ္တဆင့်ပွဲစဉ်မဲခွဲခြင်းကို ယနေ့နှောင်းပိုင်းတွင် ပြုလုပ်မည်ဖြစ်သည်။

U Myo Thant




<< Back FA Cup News


Advertisement
Here