FA Cup News

FA စတုတ္တဆင့်ပွဲစဉ်များ

Jan 12 , 2016

FA စတုတ္တဆင့်ပွဲစဉ်ဇယားထွက်ပေါ်ခဲ့ရာတွင် လက်ရှိချန်ပီယံအာဆင်နယ်မှာ အိမ်ကွင်းတွင် ဘန်လေအသင်းနှင့်ကစားရမည်ဖြစ်သည်။

ပရီးမီးယားလိဂ်နာမည်ကြီး အသင်းများဖြစ်သော မန်ယူ၊မန်စီးတီးနှင့်ချဲလ်ဆီးတို့မှာ အဝေးကွင်းများတွင်ကစားရမည်ဖြစ်သည်။

မန်ယူမှာချန်ပီယံရှစ်မှအသင်းကောင်းတစ်သင်းဖြစ်သော ဒါဘီနှင့်၎င်း၊ မန်စီးတီးမှာ ၀ိုင်ကွမ်ဘီနှင့်ဗီလာပြန်ကန်ပွဲမှအနိုင်ရသူနှင့်၎င်း ၊ ချဲလ်ဆီးမှာ နော့သင်တန်နှင့် MKဒွန်းစ်ပြန်ကန်ပွဲမှအနိုင်ရသူနှင့်၎င်း ကစားရမည်ဖြစ်သည်။

အိပ်ဆက်တာနှင့်ပြန်ကန်ပွဲကစားရမည့်လီဗာပူးမှာ ထိုပွဲတွင်အနိုင်ရပါက၀က်စ်ဟမ်းနှင့်တွေ့ဆုံရမည်ဖြစ်သည်။

စပါးမှာလည်း ကိုချက်စတာနှင့်ပြန်ကန်ပွဲတွင် အနိုင်ရခဲ့ပါက လက်စတာနှင့်ကစားရမည်ဖြစ်သည်။ စတုတ္တဆင့်ပွဲစဉ်များကို ဇန်န၀ါရီ ၂၉ မှဖေဖော်ဝါရီ ၁ ရက်အထိကစားကြရမည်ဖြစ်သည်။

U Myo Thant

<< Back FA Cup News


Advertisement
Here