La-liga News

အကောင်းဆုံးဆုရသောအင်းနရစ်ခ်ျ

Jan 12 , 2016

ဘာစီလိုနာနည်းပြအင်းနရစ်ခ်ျမှာ ဖီဖာကပေးအပ်သည့် ၁ နှစ်တာအကောင်းဆုံးနည်းပြဆုကို ရရှိသွားခဲ့ သည်။

နိုင်ငံလက်ရွေးစင်နည်းပြများနှင့်အသင်းခေါင်းဆောင်များ၊ ရွေးချယ်ထားသောမီဒီယာကိုယ်စားလှယ်များ၏ ဆန္ဒများဖြင့် အကောင်းဆုံးဆုများ ကိုရွေးချယ်ပေးခဲ့ခြင်းဖြစ်ပြီး အင်းနရစ်ခ်ျ၏နောက်တွင် ချီလီလက်ရွေးစင်အသင်းနည်းပြ ဆမ်ပါအိုလီနှင့်ဘိုင်ယန်နည်းပြ ဂွာဒီယိုလာတို့က ရပ်တည်နိုင်ခဲ့ကြသည်။

ဆဲလ်တာဗီရိုနည်းပြဟောင်းဖြစ်သူ အင်းနရစ်ခ်ျမှာ ဘာစီလိုနာကိုပထမဆုံးကိုင်တွယ်ရသည့် ၂၀၁၄-၁၅ ရာသီတွင် ဖလား၃လုံးရရှိစေခဲ့သူဖြစ် သည်။

ယခုကဲ့သို့ဖီဖာ၏အကောင်းဆုံးနည်းပြဆုကို အင်းနရစ်ခ်ျရရှိခဲ့သည်မှာ ဒုတိယမြောက်ဘာစီလိုနာနည်းပြတစ်ဦး အဖြစ်ရရှိခဲ့ခြင်းဖြစ်ပြီး ၂၀၁၁ တွင်ဂွာဒီယိုလာက ပထမဆုံးအကြိမ်ရရှိခဲ့ဘူးသည်။

ချီလီနည်းပြ ဆမ်ပါအိုလီမှာ အသင်းကို ကိုပါအမေရိကနောက်ဆုံးဗိုလ်လုပွဲအထိ ပို့ဆောင်ပေးနိုင်ခဲ့သူဖြစ်သည်။

ဖီဖာအကောင်းဆုံးဘောလုံးသမားဆုကို ဘာစီလိုနာကစားသမားတစ်ဦးဖြစ်သူ မက်ဆီက ၅ ကြိမ်မြောက်အဖြစ်ရရှိခဲ့သည်။

U Myo Thant




<< Back La-liga News


Advertisement
Here