Spain King's Cup News

အယူခံရှုံးသောဆွာရက်ဇ်

Jan 13 , 2016

အက်စပန်ညိုနှင့်ကစားခဲ့သည့် စပိန်ဘုရင့်ဖလားပွဲမှပြုမှုပုံအတွက် ၂ ပွဲပယ်ပြစ်ဒဏ်ချမှတ်ခဲ့ခြင်းကို ဘာစီလိုနာမှဆွာရက်ဇ်က အယူခံဝင်ခဲ့သော် လည်း ပယ်ချခံခဲ့ရသည်။

စပိန်ဘုရင့်ဖလားပွဲ ပထမအကျော့အဖြစ် အိမ်ကွင်းတွင် အက်စပန်ညိုကိုလက်ခံကစားခဲ့ရာ၌ နှစ်ဘက်ကစားသမားများ အငြင်းပွားနေချိန်တွင် ဆွာရက်ဇ်က ဒေါသတကြီး ဖြင့်ပါဝင်ခဲ့မှုကြောင့် စပိန်ဘောလုံးအဖွဲ့ချုပ်က ၂ ပွဲပယ်ပြစ်ဒဏ်ချမှတ်ခဲ့ခြင်းဖြစ်သည်။

စ်သားဆွာရက်ဇ်မှာ ဥရုဂွေးလက်ရွေးစင်တစ်ဦးဖြစ်ပြီး မလိုလားအပ်သော အပြုအမှုများကြောင့် မကြာခဏပြဿနာများရသူဖြစ်သည်။

ယခုပွဲပယ်ပြစ်ဒဏ်ကို ဘာစီလိုနာကနိုင်ငံတော်အားကစားဆိုင်ရာ တရားရုံးသို့ အယူခံဆက်တက်မည်ဖြစ်ပြီး ယနေ့ညအက်စပန်ညိုကွင်းတွင် ကစားရမည့် ဒုတိယအကျော့ပွဲတွင် ဆွာရက်ဇ်ပါဝင်နိုင်မည်မဟုတ်ပေ။

U Myo Thant

<< Back Spain King's Cup News


Advertisement
Here