Europa League

ဒီမာရီယာကိုဘလန့်စ်ချီးကျူး

Jan 14 , 2016

ပြင်သစ်လိဂ်ဖလားပွဲအဖြစ် လိုင်ယွန်နှင့်ကစားခဲ့ရာတွင် လူစားဝင်လာပြီးနောက် အနိုင်ဂိုးရရန်အကောင်းဆုံးဖန်တီးပေးပို့ခဲ့သူ ဒီမာရီယာကို PSG နည်းပြဘလန့်စ်က ချီးကျူးလိုက်သည်။

PSG အသင်းမှာလိဂ်ဖလားကွာတားဖိုင်နယ်အဖြစ် လိုင်ယွန်နှင့်ကစားခဲ့ရာတွင် ၁၇ မိနစ်၌ဦးဆောင်ဂိုးရခဲ့သော်လည်း ၄၂ မိနစ်တွင်ချေပဂိုးပေးခဲ့ ရသည်။

ဒီမာရီယာမှာ ၆၅ မိနစ်တွင်လူစားဝင်လာခဲ့ပြီးနောက် ၇၁ မိနစ်တွင် သူ၏ဖန်တီးပေးမှုမှတစ်ဆင့် မော်ရာက ပင်နယ်တီဧရိယာအတွင်းအမှား အယွင်းမရှိ အနိုင်ဂိုး သွင်းနိုင်ခဲ့ခြင်းဖြစ်သည်။

ဘလန့်စ်က ဒီညနေဟာသာယာလှပတဲ့ညနေခင်းပါပဲ၊ အသင်းကောင်း၂ သင်းရဲ့ပွဲ၊ ပွဲကောင်းတစ်ပွဲဖြစ်ခဲ့ပါတယ်။ လိုင်ယွန်ဟာ ပြီးခဲ့တဲ့လမှာ နည်းပြပြောင်းခဲ့ပြီး ရလဒ်ကောင်းရဖို့ကြိုးစားနေတဲ့အသင်းပါ။ဒီပွဲမှာ ထူးခြားတာကဒီမာရီယာပါပဲ၊သူရဲ့သေသပ်တဲ့ပေးပို့မှုက အနိုင်ဂိုးကိုဖြစ်စေခဲ့ တာပါ ဟု ပြောဆိုသွားခဲ့သည်။

လိဂ်ဖလား ၂ ကြိမ်ဆက်တိုက် ချန်ပီယံ PSG မှာ ဆီမီးဖိုင်နယ်သို့တက်သွားပြီဖြစ်ပြီး တူးလောက်စ်အသင်းနှင့် တွေ့ဆုံရမည်ဖြစ်သည်။

U Myo Thant

<< Back Europa League


Advertisement
Here