La-liga News

မက်ဒရစ် ၂ သင်းပိတ်ပင်ခံရ

Jan 15 , 2016

အသက် ၁၈ နှစ်အောက်ကစားသမားများခေါ်ယူရာတွင် ဖီဖာ၏ စည်းမျဉ်းအမှတ် ၁၉ကိုချိုးဖောက်ခဲ့သည်ဟုဆိုကာ ရီးရဲလ်မက်ဒရစ်နှင့် အက်သလက်တီကိုမက်ဒရစ် အသင်းတို့အား လာမည့်နွေရာသီအပြောင်းအရွှေ့နှင့် ၂၀၁၇ ဇန်န၀ါရီအပြောင်းအရွှေ့ကာလများတွင် ကစားသမား များခေါ်ယူခွင့်နှင့်ထုတ်ရောင်းခွင့်တို့ကို ပိတ်ပင်လိုက်ပြီ ဖြစ်သည်။

ထိုပြစ်ဒဏ်အပေါ် ၂ သင်းလုံးက အယူခံဝင်မည်ဖြစ်သော်လည်း အောင်မြင်ရန်မလွယ်ကူသဖြင့် ထို၂ သင်းမှ ထွက်မည့်သူနှင့်ရောက်လာရန် စီစဉ်နေသူတို့အတွက် အကျပ်ရိုက်စေခဲ့ပြီဖြစ်သည်။

အက်သလက်တီကိုမှ အခြားအသင်းသို့ပြောင်းရန်စိတ်ကူးနေသော နည်းပြဆီမြွန်းနီမှာ ပြောင်းခွင့်ရတော့မည်မဟုတ်သကဲ့သို့ ရီးရဲလ်မှပြောင်း မည်ဆိုသော စီရိုနယ်ဒို၊ ဘေးလ်တို့အတွက်လည်း အခက်တွေ့စေမည်ဖြစ်သည်။

ထို့အတူ ရီးရဲလ်ကခေါ်မည်ဟု သတင်းထွက်နေသော ဒီဂီရာ၊ ဟာဇတ် ၊ ပိုဂဘာ ၊ဂျွန်စတုန်း၊ ဟယ်ရီကိန်း၊ လီဝန် ၊ဒေါစကီး၊ အက်သလက် တီကိုသို့ပြောင်းလိုသော ကော့စတာ၊ အင်ဟာလို စသည့်ကစားသမားများမှာလည်း ၂၀၁၇ နွေရာသီမှသာပြောင်းနိုင်တော့ မည်ဖြစ်သည်။

ယခုပြစ်ဒဏ်မျိုးကို ဘာစီလိုနာအသင်းကျခံခဲ့ဘူးပြီး ယခုဇန်န၀ါရီမှသာ ကစားသမားသစ်များကို တရားဝင်ခေါ်ယူ အသုံးပြုနိုင်မည်ဖြစ်သည်။

U Myo Thant




<< Back La-liga News


Advertisement
Here