Other World Cup Football News

ဖူဆယ်လိဂ်တွင် မြန်မာ ယူ -၁၉ ပြိုင်မည်

Jan 18 , 2016

ဖေဖော်ဝါရီလအတွင်း ကျင်းပမည့် ပြည်တွင်းဖူဆယ်လိဂ်(အမျိုးသား) ပြိုင်ပွဲတွင် ပြိုင်ပွဲဝင်အသင်းရှစ်သင်း ၀င်ရောက်ယှဉ်ပြိုင် မည်ဖြစ်ပြီး  မြန်မာ ယူ -၁၉ ဖူဆယ်အသင်း  လည်း ဖူဆယ်လိဂ်ပြိုင်ပွဲတွင် အသင်းတစ်သင်းအနေဖြင့် ၀င်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သိရသည်။

ယခုနှစ် ဖူဆယ်လိဂ်ပြိုင်ပွဲကို ရန်ကုန်မြို့၌ နှစ်ကျော့စနစ်ဖြင့် ကျင်းပမည်ဖြစ်ပြီး လက်ရှိချန်ပီယံ MIC ၊ PU ၊UPT ၊UVC  ၊ရန်ကုန်စီးတီး ၊ Winner၊ YZ နှင့် ယူ-၁၉ စသည့်ပြိုင်ပွဲဝင်ရှစ်သင်း ၀င်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး အဆိုပါပြိုင်ပွဲ နှင့်ပတ်သက်သည့် အသေးစိတ်အချက်အ လက်များနှင့် စည်းကမ်းချက်များကို အဖွဲ့ချုပ်တာဝန်ရှိသူများနှင့် ဖူဆယ်ကလပ်အသင်းမှ တာဝန်ရှိသူများအစည်းအဝေး၌ ထပ်မံ ညှိနှိုင်း မည်ဖြစ်ကြောင်း သိရသည်။

ဖူဆယ်လိဂ်ပြိုင်ပွဲမှာ မြန်မာယူ-၁၉ အသင်းအနေနဲ့လည်း ၀င်ရောက်ယှဉ်ပြိုင်မှာဖြစ်ပါတယ်။ယူ-၁၉ အသင်းအတွက် ပဏာမရွေးချယ် ထားတဲ့ ကစားသမား ၆၀ဦးထဲကပြန်ရွေးပြီး ၀င်ပြိုင်မှာပါ။ယူ-၁၉အသင်းကို လက်ရွေးစင်အသင်းနည်းပြ ဆာအိကိုင်တွယ်မှာပါ ဟုမြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ် ဖူဆယ်လိဂ်ပြိုင်ပွဲကျင်းပရေးကော်မတီမှ သိရသည်။

၂၀၁၆ အာဆီယ့ဖူဆယ်လိဂ်ပြိုင်ပွဲကို ဇူလိုင်လအတွင်း နေပြည်တော်ရှိ ၀ဏ္ဏသိဒ္ဓိအားကစားရုံ ဖူဆယ်အားကစားကွင်း ၌ကျင်းပ မည်ဖြစ်ပြီး ပြည်တွင်းဖူဆယ်လိဂ်ပြိုင်ပွဲ (အမျိုးသား) ချန်ပီယံအသင်းက အာဆီယံပြိုင်ပွဲတွင် မြန်မာနိုင်ငံကိုယ်စားပြုဝင်ရောက်ယှဉ်ပြိုင်ခွင့် ရမည်ဖြစ်ကာ အာဆီယံဖူဆယ်ကလပ် ချန်ပီယံရှစ်ပြိုင်ပွဲဝင်ပြိုင်မည့် မြန်မာအမျိုးသား ၊ အမျိုးသမီးဖူဆယ်အသင်းများကို မတ်လမှစတင်ကာ  စခန်းသွင်းလေ့ကျင့်ရန်စီစဉ်ထားကြောင်း သိရသည်။

U Myo Thant

<< Back Other World Cup Football News


Advertisement
Here