Other World Cup Football News

နည်းပြသစ်ခန့်သောပေါ်တို

Jan 20 , 2016

ပေါ်တူဂီကလပ်ပေါ်တိုအသင်းသည် အယ်လ်အာလီအသင်းနည်းပြဟောင်း ပီဆီရိုးကိုနည်းပြသစ်အဖြစ်ခန့်အပ်လိုက်ပြီဖြစ်သည်။

အီဂျစ်ကလပ်အယ်လ်အာလီမှ ယခုအပတ်အတွင်းနှုတ်ထွက်ခဲ့သော ပီဆီရိုး မှာပေါ်တိုနှင့်၁၈ လစာချုပ်ချုပ်ဆိုမည်ဖြစ်ပြီး ယင်းနောက်တွင် သက်တမ်းတိုးလိုပါက ဆက်တိုးသွားမည်ဖြစ်သည်။

ပေါ်တိုအသင်းမှာ ယခင်နည်းပြ လိုပီတီဂူကို ဇန်န၀ါရီ ၈ ရက်နေ့က ရာထူးမှ ထုတ်ပယ် လိုက်ခြင်းဖြစ်ပြီး အသင်းမှာ လောလောဆယ်အမှတ်ပေး ဇယား အဆင့် ၃ တွင်ရှိနေကာ ဇယားထိပ်မှ စပို့တင်းနှင့် ၅ မှတ်ကွာဟလျက်ရှိသည်။

အသက် ၅၅ နှစ်ရှိပြီဖြစ်သော ပီဆီးရိုး၏ နည်းပြအဖွဲ့တွင် ဆန်းတို့စ် ၊ ဒိုနီဆီယို ၊ ဘာရော့စ် ၊ ကော်ရီယားတို့ ပါဝင်ကြပြီး ပီဆီးရိုးမှာ ယခင်က ရီးရဲလ်လက်ထောက်နည်းပြနှင့် စပို့တင်း ၊ဘရာဂါ ၊ ပါနာသီနာကော့စ် ကလပ်များ၊ ဆော်ဒီလက်ရွေးစင်အသင်း စသည်တို့ကို ကိုင်တွယ်ခဲ့ဘူး သူဖြစ်သည်။

U Myo Thant

<< Back Other World Cup Football News


Advertisement
Here