FA Cup News

အသင်းကိုချီးကျူးတဲ့ပူးလစ်

Jan 20 , 2016

FAဖလားတတိယဆင့်ပြန်ကန်ပွဲတွင် အနိုင်ရခဲ့သော ၀က်စ်ဘရွန်းအသင်းကစားပုံကို နည်းပြပူးလစ်က ချီးကျူးလိုက်သည်။

ဇန်န၀ါရီ ၉ ရက်နေ့က အိမ်ကွင်းတွင်ဘရစ္စတိုနှင့်ကစားခဲ့သည့် FAဖလားတတိယဆင့်ပွဲစဉ်တွင် ၂ ဂိုးစီသရေကျခဲ့သဖြင့် ယမန်နေ့ကအဝေးကွင်း တွင်ပြန်ကန်ပွဲကစားရာ၌ ရွန်ဒွန်၏၅၂ မိနစ်သွင်းဂိုးဖြင့်ဝက်စ်ဘရွန်းကအနိုင်ရကာ စတုတ္တဆင့်သို့တက်နိုင်ခဲ့ခြင်းဖြစ်သည်။

နည်းပြပူးလစ်က ကစာသမားများ၏ ကြိုးစားပုံနှင့်အဝေးကွင်းသို့ လိုက်ပါအားပေးခဲ့သော ပရိသတ်များကို ချီးကျူးခဲ့ပြီး ခက်ခဲခဲ့သောပွဲတွင် မိမိ ကစားသမားများက ထိန်းချုပ်ကစားနိုင်ရန် ကြိုးပမ်းခဲ့ရကြောင်း၊ အကောင်းဆုံးအသင်းက အနိုင်ရမည့်ပွဲတွင် မိမိတို့အနိုင်ရခဲ့ခြင်းဖြစ်ကြောင်း၊ အဝေးကွင်း ၃ပွဲဆက်တိုက်ကစားခဲ့ရသည့် မိမိအသင်းကို လိုက်ပါအားပေးခဲ့သောပရိသတ်များ၏ အသင်း ချစ်စိတ်ကိုလည်း များစွာလေး စားကြောင်း ပြောဆိုသွားခဲ့သည်။

ဝက်စ်ဘရွန်းအသင်းမှာ ယခုနိုင်ပွဲကြောင့် စတုတ္တဆင့်သို့တက်ရောက်ခဲ့ကာ လိဂ်၂ဆင့်နိမ့်သော လိဂ်ဝမ်းကလပ်ပီတာဘရော့နှင့် အိမ်ကွင်း တွင် ကစားရမည်ဖြစ်သည်။

U Myo Thant




<< Back FA Cup News


Advertisement
Here