Other World Cup Football News

ထိုင်းနှင့် တွေ့ပါက ရှုံးကြွေးဆပ်မည်

Jan 21 , 2016

မြန်မာလက်ရွေးစင်အသင်းနည်းပြချုပ်ဂတ်ဆီဇီက လာမည့် ၂၀၁၆ ဆူဇူကီးဖလားပြိုင်ပွဲတွင် ထိုင်းအသင်းနှင့်တွေ့ဆုံခဲ့ပါက ရှုံးကြွေး ဆပ်နိုင်ရေး ကြိုးစားသွားမည်ဟု မီဒီယာသို့ ထုတ်ဖော်ပြောကြားခဲ့ကြောင်း သိရသည်။

ကျွန်တော်တို့ထိုင်း ယူ -၂၃ အသင်းနဲ့ခြေစမ်းကစားခဲ့ဖူးပါတယ်။အဲ့ဒီတုန်းက ဂိုးပြတ်ရှုံးနိမ့်ခဲ့ရပါတယ်။နောက်ပြီး မြန်မာအသင်းတွေ ထိုင်း အသင်းနဲ့တွေ့ရင်မနိုင် တာကိုလည်း မြင်တွေ့နေရပါတယ်။

ဒါကြောင့် ကျွန်တော်ကိုင်တွယ်ချိန်မှာ ထိုင်းလက်ရွေးစင်အသင်းကို အနိုင်ရရှိအောင်စွမ်းဆောင်ပေးချင်ပါတယ်။လာမယ့် ဆူဇူကီးဖလားမှာ လည်း ပြန်ဆုံချင်ပါတယ်ဟု ဂတ်ဆီဇီက ပြောသည်။

ဂတ်ဆီဇီမှာ ယခုကဲ့သို့ ထုတ်ဖော်ပြောကြားလာရခြင်းမှာ မြန်မာနိုင်ငံ၌ ကျင်းပခဲ့သည့် အာဆီယံတစ်နှစ်တာ အကောင်းဆုံးဆုပေးပွဲ အခမ်း အနားသို့ တက်ရောက်လာသော ထိုင်း နည်းပြ ကိုင်တီဆတ်က မီဒီယာများ၏ မေးမြန်းမှုများကို ပြန်လည်ဖြေကြားလာခဲ့စဉ်က လာမယ့် ဆူဇူကီးဖလားတွင် မြန်မာအသင်းနဲ့ဗိုလ်လုပွဲမှာ ပြန်လည်ရင်ဆိုင်ချင်ပါသေးတယ်ဟု ပြောကြားခဲ့ခြင်းကြောင့် ဖြစ်သည်။

ဂတ်ဆီဇီသည် မြန်မာလက်ရွေးစင်အသင်းကို ကိုင်တွယ်သည့်အချိန်မကြာသေးသော်လည်း သက်တမ်းအလိုက်အသင်းများကို ကိုင်တွယ်ခဲ့ ရာတွင် အောင်မြင်သော နည်းပြကောင်းတစ်ဦးဖြစ်ကာ မြန်မာဘောလုံးသမိုင်းကို တစ်ခေတ်ပြောင်းပေးခဲ့သူလည်းဖြစ်သည်။

U Myo Thant

<< Back Other World Cup Football News


Advertisement
Here