La-liga News

ပိုချက်တီနိုကိုချီးကျူးတဲ့ပူယိုးလ်

Jan 21 , 2016

ဘာစီလိုနာအသင်းခေါင်းဆောင်ဟောင်းပူယိုးလ်က စပါးအသင်းနည်းပြပိုချက်စတာနိုမှာ ပရီးမီးယားလိဂ်အကောင်းဆုံးနည်းပြများထဲတွင် ပါဝင်ကြောင်းချီးကျူးပြောဆိုလိုက်သည်။

အသက် ၄၃ နှစ်ရှိပြီဖြစ်သည့် ပိုချက်တီနိုမှာ စပါးကို ပရီးမီးယား၂၂ ပွဲကစားပြီးရာတွင် အရှုံး ၃ ပွဲသာရှိစေခဲ့ပြီး လောလောဆယ်အဆင့် ၄ တွင် ရပ်တည်စေနိုင်ခဲ့သူဖြစ်သည်။

အာဂျင်တီးနားသားပိုချက်တီနိုမှာ ကစားသမားဘ၀အဖြစ်လာလီဂါကလပ်အက်စပန်ညိုတွင် ရှိနေစဉ်ပူယိုးလ်နှင့် ရင်ဆိုင်ခဲ့ဘူးသူဖြစ်သည်။

ပူးယိုလ်က သူဟာတကယ့်နည်းပြကောင်းတစ်ဦးပါ။သူဟာ သူရောက်လေရာကလပ်တိုင်းကို တိုးတက်စေခဲ့သူပါ။ဘောလုံးအထာ ကိုကောင်းကောင်းနားလည်ပြီး ဘယ်လိုနည်းလမ်းကျင့်သုံးရမယ်ဆိုတာကိုလည်း သဘောပေါက်ထားသူဖြစ်ပါတယ်။ပြီးတော့သူဟာ တကယ့်ပရော်ဖက်ရှင် ဆန်ဆန်ကျင့်သုံးတတ်တဲ့အကောင်းဆုံးနည်းပြတွေထဲက တစ်ယောက်ပါဟု ပြောဆိုခဲ့သည်။

ပိုချက်တီနို၏စပါးအသင်းမှာ ယမန်နေ့က FA ဖလားတတိယဆင့် ပြန်ကန်ပွဲတွင် လက်စတာကို ၂းဝ ဖြင့် အနိုင်ရကာ စတုတ္တအဆင့်သို့ တက်သွားပြီဖြစ်ပြီး လာမည့် ပရီးမီးယား ၂ ပွဲနှင့်FA ဖလားပွဲ ၁ ပွဲကိုအဝေးကွင်းပွဲများအဖြစ် ဆက်တိုက်ကစားရမည်ဖြစ်သည်။

U Myo Thant




<< Back La-liga News


Advertisement
Here