Coppa Italia Cup News

၂ ပွဲအပယ်ခံရသောဆာရီ

Jan 22 , 2016

ကိုပါအီတာလျံပွဲစဉ်အဖြစ်အင်တာနှင့်ကစားခဲ့သည့်ပွဲစဉ်တွင် ပြိုင်ဘက်နည်းပြမန်ချီနီအပေါ် လွန်ကျူးသော စကားလုံးများသုံး၍ အချင်းများခဲ့သူ နာပိုလီနည်းပြဆာရီကို ကိုပါအီတာလျံပွဲစဉ်(၂)တွင် ကွင်းအတွင်းမ၀င်ရောက်ရန် ပွဲပယ်ပြစ်ဒဏ်ချမှတ်လိုက်သည်။

အင်တာက ၂းဝဖြင့်အနိုင်ရရှိခဲ့သော ထိုပွဲစဉ်တွင် ကွင်းဘေး၌နည်းပြ၂ ဦး စကားများခဲ့ကြခြင်းဖြစ်ပြီး မလျော်ကန်သောစကားလုံးများ ပြောဆို ခဲ့သည့်ဆာရီကို ယခုကဲ့သို့ ပွဲပယ်ပြစ်ဒဏ်ချမှတ်ခဲ့ခြင်းဖြစ်ကာ ဒဏ်ကြေးယူရို ၂သောင်းပေးဆောင်ရန်ကိုလည်း အမိန့်ချခဲ့သည်။

ထိုပွဲတွင် ပွဲချိန် ၈၈ မိနစ်၌ နာပိုလီမှ မာတန်းစ်မှာ ၂၀ါ၁နီဖြင့် ထွက်ခဲ့ရပြီး နာကျင်အချိန်ပိုကို ၉ မိနစ်အထိပေးခဲ့သော  မှတ်တမ်းဒိုင်ကို မန်ချီနီက အထွန့်တက်ခဲ့သဖြင့် ၅ မိနစ်သို့ပြန်ပြောင်းလိုက်သည်ဟု ဆိုသည်။

နည်းပြဆာရီမှာ ကိုပါအီတာလျံပွဲ ၂ ပွဲ ပွဲပယ်ခံရသည်ဆိုသော်လည်း ယင်းပြိုင်ပွဲမှထွက်ခဲ့ရပြီးဖြစ်သဖြင့် လာမည့်ရာသီမှသာ အကျုံးဝင်တော့ မည်ဖြစ်သည်။

U Myo Thant




<< Back Coppa Italia Cup News


Advertisement
Here