La-liga News

အရင်ကမှားခဲ့တယ်ဆိုတဲ့နာဗက်စ်

Jan 22 , 2016

မိမိတို့သည် နည်းပြဘင်နီတက်ဇ်လက်ထက်တွင် အမှားများပြုမိခဲ့ကြောင်း ရီးရဲလ်ဂိုးသမား နာဗက်စ်ကပြောဆိုလိုက်သည်။

ဘင်နီတက်ဇ်မှာ ရီးရဲလ်နည်းပြအဖြစ်တာဝန်ယူခဲ့ပြီး ၇-လအကြာတွင်ထုတ်ပယ်ခံခဲ့ရသူဖြစ်ကာ ပြင်သစ်လက်ရွေးစင်နှင့်ရီးရဲလ်ကစား သမားဟောင်း ဇီဒန်းကလက်ရှိ ကိုင်တွယ်လျက်ရှိသည်။

ဇီဒန်းကနည်းပြအဖြစ်တာဝန်ယူခဲ့ပြီးနောက် ကစားရသည့်၂ပွဲတွင် ၂ပွဲလုံးနိုင်ခဲ့ကာသွင်းဂိုး ၁၀ဂိုး ၊ ပေးဂိုး ၁ ဂိုးသာရှိခဲ့သည်။

နာဗက်စ်က ဘင်နီတက်ဇ်လက်ထက်တွင် လက်စွမ်းကျခဲ့ပြီး ယခုဇီဒန်းလက်ထက်တွင် မိမိတို့များစွာတိုးတက်လာကာ လမ်းမှန်ပေါ်ပြန်ရောက် လာပြီဖြစ်ကြောင်း၊ ကိုယ့်ကိုယ်ကိုယုံကြည်မှုအပြည့်ရှိလာကြ ကြောင်း၊ ဇီဒန်းမှာ အမှန်တကယ်ပင်လေးစားထိုက်သူဖြစ်ကြောင်း ပြောဆို သွားခဲ့သည်။

U Myo Thant




<< Back La-liga News


Advertisement
Here