Euro 2016

ယူရို ၂၀၁၆ မှာအောင်မြင်ချင်သူ

Jan 22 , 2016

အသက်၆၁ နှစ်အရွယ်နည်းပြ ဖာနန်ဒိုဆန်းတို့စ်က လာမည့် ၂၀၁၆ ဥရောပချန်ပီယံရှစ်ပြိုင်ပွဲတွင် မိမိ၏ပေါ်တူဂီအသင်းအောင်မြင်မှုရမည်ဟု ယုံကြည်ထားကြောင်း ပြောဆိုလိုက်သည်။

ယူရို၂၀၁၆ ပြိုင်ပွဲကို လာမည့် ဇွန်လ ၁၀ ရက်နေ့တွင် ပြင်သစ်၌စတင်ကျင်းပမည်ဖြစ်ပြီး ပေါ်တူဂီအသင်းမှာ ခြေစစ်ပွဲများတွင် အနိုင်၇ပွဲရှိခဲ့ကာ အရှုံး ၁ပွဲသာရှိခဲ့သည့်အသင်းဖြစ်သည်။

ခြေစစ်ပွဲတွင် အုပ်စုဗိုလ်ဖြစ်ခဲ့သည့် ခြေစွမ်းအပေါ်မိမိအားရကြောင်း၊ ပဲရစ်မြို့တော်တွင် ဇူလိုင်လ ၁၀ ရက်နေ့ ကစားရမည့် နောက်ဆုံးဗိုလ်လု ပွဲသို့ မိမိတို့တက်ရောက်နိုင်ရန် ရည်မှန်းချက်ထားထားပါကြောင်း၊ခြေစစ်ပွဲများတွင် ကစားသွားသည့် ကစားသမားများ၏ခြေစွမ်းများ ကိုလည်း ကျေနပ်ကြောင်း၊ ရွေးချယ်စရာကစားသမားများစွာရှိနေခြင်းမှာလည်း မိမိအတွက်ကံကောင်း ခြင်းဖြစ်ကြောင်း ပြောဆိုသွားခဲ့သည်။

U Myo Thant




<< Back Euro 2016


Advertisement
Here