La-liga News

မီဒီယာကိုဝေဖန်တဲ့နဗီးလ်

Jan 23 , 2016

နိုင်ပွဲမရခဲ့သည့်ပွဲများတွင် အ၀တ်လဲခန်းအတွင်းကစားသမားများနှင့် စကားအခြအတင်ဖြစ်ကြရသည်ဆိုသည်မှာမမှန်ကြောင်း ဗလင်စီယာ နည်းပြ ဂယ်ရီနဗီးလ်ကပြောဆိုလိုက်သည်။

စပိန်မီဒီယာများက မန်ယူကစားသမားဟောင်းဖြစ်သူနဗီးလ်အနေနှင့် ကစားသမားများကို ဗလင်စီယာဂျာစီဝတ်ရန်မတန်ကြောင်း၊ ကြိုးစားလို စိတ်လည်းမရှိကြောင်း ပြောကြားသည်ဟုဖော်ပြကြခြင်းကို နဗီးလ်က တုန့်ပြန်ခဲ့ခြင်းဖြစ်သည်။

လွန်ခဲ့သော ဒီဇင်ဘာလတွင်ဗလင်စီယာအသင်းကို စတင်ကိုင်တွယ်ခဲ့သောနဗီးလ်မှာ လာလီဂါတွင်နိုင်ပွဲမရသေးသဖြင့် ဝေဖန်မှု များနှင့်ကြုံတွေ့နေရခြင်းဖြစ်သည်။

နဗီးလ်က အသင်းကစားပုံကို ခင်ဗျားတို့ဝေဖန်နိုင်ပါတယ်။ဘာတွေဘယ်လိုဖြစ်သင့်တယ်ဆိုတာလည်း ပြောနိုင်ပါတယ်။ဒါပေမယ့် မမှန်တဲ့ အကြောင်းအရာတွေကိုတော့ ထွက်ပေါ်မလာစေချင်ပါဘူး။ဒါကို အမှန်လို့ထင်သွားရင် အန္တရာယ်များလွန်းလို့ပါ။ကစားသမားတွေ အပေါ် ကျနော်ဘယ်လိုဆက်ဆံတယ်ဆိုတာ သူတို့အသိဆုံးပါဟု ပြောဆိုသွားခဲ့သည်။

နဗီးလ်၏ဗလင်စီယာအသင်းမှာ ပွဲ၂၀ကစားပြီးရာတွင် အဆင့်၁၁၌ရှိနေပြီး မနက်ဖြန်တွင် အဆင့်၈မှ ဒီပို့တီဗိုနှင့် အဝေးကွင်းပွဲကစားရမည်ဖြစ် သည်။

 

U Myo Thant




<< Back La-liga News


Advertisement
Here