La-liga News

အယူခံဝင်တဲ့အက်သလက်တီကို

Jan 26 , 2016

အသက်၁၈နှစ်အောက်ကစားသမားများကိုခေါ်ယူရာတွင် လိုက်နာရမည့်စည်းကမ်းချက်တချို့ကို ချိုးဖောက်ခဲ့သည်ဟုဆိုကာ အပြောင်းအရွှေ့ ကာလ၂ခု ပိတ်ပင်ခံထားရသည့်ပြစ်ဒဏ်အပေါ် အက်သလက်တီကိုက အယူခံဝင်လိုက်ပြီဖြစ်သည်။

ဖီဖာမှသတ်မှတ်ထားသောအထက်ပါစည်းကမ်းချက် ချိုးဖောက်မှုအတွက် ပြီးခဲ့သော ဇန်န၀ါရီလ ၁၄ရက်နေ့က အက်သလက်တီကိုနှင့် ရီးရဲလ် တို့ကို လာမည့်အပြောင်းအရွှေ့ကာလ၂ခုတွင် ကစားသမား ရောင်း/၀ယ်မှုမပြုရဟု အမိန့်ချခဲ့ခြင်းဖြစ်သည်။

ထို့ပြင်ယင်းကလပ်၂သင်းသည် ဒဏ်ငွေယူရို ၈သိန်း၂သောင်းပေးဆောင်ရန်လည်း အမိန့်ချခဲ့သည်။

အသက်လက်တီကိုအသင်းအနေနှင့်မည်သည့်စည်းကမ်းချိုးဖောက်မှုမျိုးမှမရှိခဲ့ဟု ရိုးသားစွာယုံကြည်သောကြောင့် အယူခံဝင်ရခြင်းဖြစ်ကြောင်း အသင်းကြေညာချက်တွင်ဖော်ပြထားခဲ့သည်။

U Myo Thant




<< Back La-liga News


Advertisement
Here