Serie-A News

၂၀၁၈မှာမှနားမယ့်ဘူဖွန်

Jan 26 , 2016

အီတလီနှင့်ဂျူဗင်တပ်ဂိုးသမားကြီးဘူဖွန်က သူသည် ၂၀၁၈ ကမ္ဘာ့ဖလားပွဲအပြီးတွင် ကစားသမားဘ၀မှအနားယူမည်ဟုပြောဆိုလိုက်သည်။

အသက်၃၇နှစ်ရှိပြီဖြစ်သောဘူဖွန်မှာ အီတလီလက်ရွေးစင်အသင်းနှင့်အတူ ၂၀၁၆ ကမ္ဘာ့ဖလားကိုရရှိခဲ့ပြီး ဂျူဗင်တပ်အသင်းနှင့်စီးရီးအေချန်ပီယံ ၆ကြိမ်ရရှိခဲ့သူဖြစ်သည်။

ဘူဖွန်မှာ ၂၀၀၁တွင်ပါးမားမှဂျူဗင်တပ်သို့ ဂိုးသမားတစ်ဦးအတွက် စံချိန်တင်ပြောင်းရွှေ့ကြေးဖြင့်ရောက်ရှိခဲ့သူဖြစ်ပြီး ဖီဖာကမ္ဘာ့အကောင်း ဆုံးဘောလုံးသမားဆုကိုလည်း ရှားရှားပါးပါးဂိုးသမားတစ်ဦးဘ၀ အဖြစ်နှင့်ရရှိခဲ့သူဖြစ်သည်။

ဘူဖွန်က လာမယ့်ကမ္ဘာ့ဖလားပွဲမှာဝင်ကစားနိုင်ဖို့ကျနော်ကြိုးစားသွားဦးမှာပါ။အဲ့ဒီပွဲပြီးရင်တော့ ကျနော် နားဖို့အချိန်တန်လောက်ပါပြီ။ကမ္ဘာ့ အကောင်းဆုံးဘောလုံးသမားဆုကတော့ အံ့သြခြင်းကြီးစွာနဲ့ ရခဲ့တာပါ။လောလောဆယ်ဂျူဗင်တပ်ကတော့ အကောင်းဆုံးလမ်းပေါ်မှာ သာယာနေဆဲပါ။၁၁ပွဲဆက်တိုက်နိုင်ထားတယ်ဆိုတဲ့ မှတ်တမ်းဟာချီုးကျူးစရာပါပဲ၊ဒါပေမယ့်ကျနော်တို့ဟာ ပွဲတိုင်းမှာသတိထားရ မှာပါ။ ဘာလို့လဲဆိုတော့ ဆက်တိုက်အနိုင်ဆိုတဲ့စံချိန်မျိုးဟာ အနှေးနဲ့အမြန်ချိုးဖျက်ခံရတာတွေရှိလို့ပါပဲဟု ပြောဆိုသွားခဲ့သည်။

U Myo Thant




<< Back Serie-A News


Advertisement
Here