Bundesliga News

နည်းပြအကြောင်းပြောတဲ့ရော်ဘင်

Jan 26 , 2016

ဘိုင်ယန်တောင်ပံကစားသမားရော်ဘင်က သူ့အနေနှင့်ပွဲထွက်ခွင့်များများရရန်လိုအပ်နေသော်လည်း နည်းပြဂွာဒီယိုလာ၏ဆုံးဖြတ်ချက်များ အပေါ် စောဒကတက်မည်မဟုတ်ဟုပြောဆိုလိုက်သည်။

ရော်ဘင်မှာလွန်ခဲ့သောသောကြာနေ့ဟမ်းဘတ်ကို ၂း၁ ဖြင့်နိုင်ခဲ့သော်ပွဲစဉ်တွင် ပွဲချိန်၈၁မိနစ်တွင်မှ လူစားဝင်ကစားခွင့်ရရှိခဲ့သူဖြစ်သည်။

သို့သော်ထိုပွဲစဉ်မှာ ဒဏ်ရာဖြင့်နားခဲ့ရပြီးနောက် ပထမဆုံးပြန်ကစားခွင့်ရသည့်ပွဲစဉ်ဖြစ်ပြီး ရော်ဘင်မှာ နိုဝင်ဘာလ အိုလံပီယာကော့စ်နှင့် ချန်ပီယံလိဂ်ပွဲစဉ်တွင်ဒဏ်ရာရရှိကာ နားနေရခြင်းဖြစ်သည်။

ဟော်လန်သားရော်ဘင်အနေနှင့်ဒဏ်ရာမှပြန်လာချိန်တွင် အကောင်းဆုံးပုံစံပြန်ရလာရန်ပွဲများများကစားခွင့် လိုအပ်နေသော်လည်း နည်းပြ၏ လူစာရင်းထုတ်ပုံအပေါ် မည်သို့မျှစောဒကတက် ပြောဆိုမည် မဟုတ်ကြောင်း၊ကစားသမားဆိုသည်မှာ နည်းပြ၏ဆုံးဖြတ်ချက်ကိုလိုက်နာ ရသူသာဖြစ်ကြောင်း၊မိမိအနေနှင့်ကစားပုံအသားတကျရှိစေရန် အခွင့်ရသမျှကြိုးစားသွားမည်ဖြစ်ကြောင်း ပြောဆိုသွားခဲ့သည်။

ဘွန်ဒလီဂါကိုဦးဆောင်နေသော ဘိုင်ယန်မှာ လာမည့်လတွင် ချန်ပီယံလိဂ်ရှုံးထွက်ပွဲစဉ်အဖြစ်စီးရီးအေ လက်ရှိချန်ပီယံဂျူဗင်တပ်နှင့်ဆုံတွေ့ရ မည်ဖြစ်သည်။

U Myo Thant




<< Back Bundesliga News


Advertisement
Here