Serie-A News

လိဂ်ဖလားလိုချင်တဲ့မီဟာလိုဗစ်

Jan 26 , 2016

မီလန်အနေဖြင့်စီးရီးအေတွင်ဗိုလ်မစွဲနိုင်တော့သဖြင့် လိဂ်ဖလားပွဲဖြစ်သော ကိုပါအီတာလျံဖလားရရှိရေးပိုမိုဦးစားပေးသွားမည်ဟု နည်းပြ မီဟာလိုဗစ်ကပြောဆိုလိုက်သည်။

မီလန်မှာစီးရီးအေတွင်၂၁ပွဲကစား ၃၃မှတ်ဖြင့်အဆင့်၆တွင်ရှိနေပြီး ဇယားထိပ်နှင့်၁၄မှတ် ကွာဟနေပြီဖြစ်သည်။

သို့သော် ကိုပါအီတာလျံပွဲတွင်မှု ဆီမီးဖိုင်နယ်အဆင့်သို့ရောက်နေပြီး ပထမအကျော့အဝေကွင်းပွဲအဖြစ် လိဂ်အဆင့်၂ဆင့်နိမ့်သော လီဂါပရိုလိဂ်မှ အလက်ဇန်းဒရီးယားနှင့်ကစားရမည်ဖြစ်၍ အနိုင်ရရန် မျှော်လင့်နိုင်သောပွဲဖြစ်သည်။

မီဟာလိုဗစ်က ဒီကနေ့ပွဲဟာ ဒီရာသီမီလန်အတွက်အရေးပါတဲ့ပွဲပါ။ကျနော်တို့ဖိုင်နယ်တက်ဖို့အကောင်းဆုံး ကြိုးစားကစားသွားမှာပါ။ဒီဖလားကို ရဖို့လည်း ရည်မှန်းချက်ထားထားပါတယ်ဟု ပြောဆိုသွားခဲ့သည်။

နှစ်ကျော့ကစားရမည့်ယခုဆီမီးအဆင့်တွင် မီလန်အနိုင်ရခဲ့ပါက ဖိုင်နယ်တွင် အင်တာ(သို့မဟုတ်)ဂျူဗင်တပ်နှင့် တွေ့ဆုံရမည်ဖြစ်သည်။

U Myo Thant




<< Back Serie-A News


Advertisement
Here