Serie-A News

ရိုးမားပြောင်းသည့်ရှာရာဝီ

Jan 27 , 2016

မီလန်အသင်းမှရှာရာဝီမှာ စီးရီးအေပြိုင်ဘက်ဖြစ်သော ရိုးမားသို့ အငှားစာချုပ်ဖြင့်ပြောင်းရွှေ့သွားပြီဖြစ်သည်။

လာမည့်ရာသီကုန်တွင် တရားဝင်စာချုပ်ချုပ်ဆိုရန် သဘောတူညီချက်ဖြင့် ပြောင်းရွှေ့သွားသောရှာရာဝီမှာ ယခုရာသီပထမပိုင်းတွင် မိုနာကို၌ အငှားဖြင့်သွားကစားနေရသူဖြစ်ပြီး ခြေစွမ်းကောင်းစွာမပြနိုင် ခဲ့သည့်ကာလများကို ဖြတ်ကျော်ခဲ့ရသည်။

ရိုးမားအသင်းမှာ နည်းပြဂါစီယာထွက်ခွာသွားပြီးနောက် နည်းပြသစ် စပါလက်တီကဆက်လက်ကိုင်တွယ်နေပြီး ရှာရာဝီမှာ ပထမဆုံးခေါ်ယူခံရ သည့်ကစားသမားဖြစ်ခဲ့သည်။

မီလန်နှင့်ရိုးမားတို့ချုပ်ဆိုသောစာချုပ်တွင်ရိုးမားက ရှာရာဝီအတွက် အငှားစာချုပ်ကြေး ယူရို ၁.၄ သန်းပေးချေကာ လာမည့်ရာသီကုန်အပြီးသတ် စာချုပ်ချုပ်ဆိုပါက ပြောင်းရွှေ့ကြေး ယူရို ၁၃ သန်းပေးမည်ဟုသဘောတူထားကြသည်။

U Myo Thant




<< Back Serie-A News


Advertisement
Here