World CUp 2014 News

စပိန်နည်းပြ ဆက်ရှိမည်

Jul 18 , 2014

ကမ္ဘာ့ဖလားတွင် မရှုမလှဖြစ်ခဲ့ရသော်လည်း နည်းပြဒဲလ်တော့ စကေးမှာ စပိန်အသင်းတွင် ယူရို ၂၀၁၆ အထိ ရှိနေမည်ဟု ဆိုသည်။

၂၀၁၀ တွင် ကမ္ဘာ့ဖလားရခဲ့ပြီး ၂၀၁၂ တွင် ဥရောပချန်ပီယံဖြစ်ခဲ့သည့် စပိန်မှာ ၂၀၁၄ ကမ္ဘာ့ဖလားတွင်မူ အုပ်စုအဆင့်မှာ ပင် ဟော်လန်ကို ၅း၁၊ ချီလီကို ၂းဝ တို့ဖြင့် ရှုံးကာ လှည့်ပြန်ခဲ့ရသည့်အသင်းဖြစ်သည်။

သို့သော် နည်းပြဘော့စကေးကမူ သူသည် ရာထူးမှထွက်ရန် အကြောင်းမရှိကြောင်း၊ စပိန်ဘောလုံးအဖွဲ့ချုပ်နှင့် သဘောတူထား သည့် စာချုပ်အတိုင်း ယူရို၂၀၁၆ ပြိုင်ပွဲပြီးသည်အထိ ဆက်လက်တာဝန်ယူသွားမည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။

 ဘော့စကေးမှာ ယူရို ၂၀၀၈ အပြီးတွင် အေရာဂိုးနက်စ်နေရာကို ဆက်ခံကာ စပိန်နည်းပြ ဖြစ်လာခဲ့ပြီး ယခင်က ရီးရဲလ်အသင်း ကိုလည်း ကိုင်တွယ်ခဲ့သူ ဖြစ်သည်။

U Myo Thant

<< Back World CUp 2014 News


Advertisement
Here