Capital One Cup News

ဒိုင်ဆုံးဖြတ်ချက်ကိုမာတီနက်ဇ်ဝေဖန်

Jan 28 , 2016

စည်းကျော်နေပြီဖြစ်သောဘောလုံးကိုကန်ခွင့်ပေးခဲ့ရာမှတစ်ဆင့် မန်စီးတီးဂိုးရသွားသည့်အပေါ် အဲဗာတန်နည်းပြမာတီနက်ဇ်က ကွင်းလယ်ဒိုင်နှင့် စည်းကြပ်ဒိုင်တို့မမြင်ခဲ့ခြင်းက မိမိတို့အတွက်အရှုံးကို ဖြစ်စေခဲ့ကြောင်း ပြောဆိုလိုက်သည်။

ကက်ပီတယ်ဝမ်းဆီမီးဖိုင်နယ်ဒုတိယအကျော့အဖြစ် ကစားခဲ့သည့်ယခုပွဲစဉ်တွင် ဂိုးစည်းကျော်နေသောဘောလုံးကို စတာလင်ကဂိုးရှေ့တင်ပို့ပေး ခဲ့ရာမှ ဘရိုင်နီက ဂိုးသွင်းယူခဲ့ပြီး ၂း၁ ရလဒ်ဖြင့် မန်စီးတီးက ဦးဆောင်ခွင့်ရသွားခဲ့ခြင်းဖြစ်သည်။

ထိုပွဲစဉ်တွင် အဲဗာတန်က၁၈မိနစ်တွင် စတင်ဦးဆောင်ခွင့်ရခဲ့ပြီး ၂၄ မိနစ်တွင် မန်စီးတီးက ချေပဂိုးရခဲ့သည်။

ဘရိုင်နီကဦးဆောင်ဂိုးသွင်းနိုင်သည်မှာ ပွဲချိန် မိနစ် ၇၀တွင်ဖြစ်ပြီး ၇၆မိနစ်တွင်နောက်ထပ်တစ်ဂိုးရခဲ့သဖြင့် နှစ်ကျော့ပေါင်း ၄း၃ဖြင့် မန်စီးတီး က နောက်ဆုံးဗိုလ်လုပွဲတက်သွားခဲ့သည်။

မာတီနက်ဇ်က ပေးလိုက်ရတဲ့ဒုတိယဂိုးက သိပ်ကိုခံရခက်တဲ့ဂိုးပါပဲဟုပြောဆိုခဲ့ပြီး ယင်းဘောလုံးစည်းကျော်နေသည်ကို ကွင်းလယ်ဒိုင် အတ်ကင်ဆန်နှင့်စည်းကြပ်ဒိုင်စကော့လက်ဂျာတို့က မမြင်ခဲ့ကြခြင်း ဖြစ်သည်။

U Myo Thant




<< Back Capital One Cup News


Advertisement
Here