Serie-A News

တရုတ်ပြည်ရွှေ့တဲ့ ဂါဗင်ဟို

Jan 28 , 2016

အိုင်ဗရီကို့စ်လက်ရွေးစင်ဂါဗင်ဟိုမှာ ရိုးမားအသင်းမှတရုတ်စူပါလိဂ်ကလပ် ဟီဘေးချိုင်းနားအသင်းသို့ပြောင်းရွှေ့သွားပြီ ဖြစ်သည်။

တိုက်စစ်မှုးဂါဗင်ဟိုမှာ အာဆင်နယ်တွင်ကစားခဲ့ဘူးသူဖြစ်ပြီး ၂၀၁၂-၁၃ တွင်ရိုးမားသို့ရောက်ရှိခဲ့ကာ ၈၈ ပွဲကစား ၂၆ ဂိုးသွင်းပေးခဲ့သူဖြစ်သည်။

ဂါဗင်ဟို၏အပြောင်းအရွှေ့အတွက်ရိုးမားအသင်းက ကြေညာချက်ထုတ်ပြန်ခဲ့ပြီး ၂၈ နှစ်သားဂါဗင်ဟို၏ပြောင်းရွှေ့ကြေးမှာ ယူရို ၁၈ သန်းဖြစ် သည်။

တရုတ်စူပါလိဂ်မှကလပ်များမှာ ဥရောပမှနာမည်ကြီး ကစားသမားများကို ကြိုးစားခေါ်ယူနေပြီး ရှန်ဟိုင်းရှင်ဟွာကလပ်က အင်တာမှ ဂူရင်၊ ဂျန်းဆုဆန်းနင်းကလပ်က  ချဲလ်ဆီးမှရာမီရက်စ်တို့ကိုပြီးခဲ့သည့် ရက်ပိုင်းအတွင်းမှာပင် ခေါ်ယူခဲ့ကြပြီးဖြစ်သည်။

U Myo Thant




<< Back Serie-A News


Advertisement
Here